Injury ဒဏ်ရာဆိုတာ

ဆရာရှင့် ကလေးအသက် ၄လ ယောက်ျားလေးပါ သူ့လက်သည်းရှည်နဲ့ သူ့ဦးခေါင်းကို ကုတ်မိလို့ အရေပြား ပွန်းပဲ့သွားပြီး အခု အနာက ကျတ်နေပါပြီ ခေါင်းလျှော်ပေးလို့ ရပါသလား ဆရာ အနာဖေးကွာပြီး အမာရွတ်ဖြစ်မှာ စိုးလို့ပါ ပိုးဝင်မှာနဲ့ ဆံပင် ပြန်မပေါက်တော့မှာ စိုးရိမ်လို့ပါ သွေးစထွက်တုန်းက ဆေးလိမ်း ပေးလိုက်ပါတယ် (mupirocin USP 2%) ပါ ဆံပင် ကိုတော့ မရိတ်ရသေးပါဘူး။ ဘယ်လိုလုပ်ရမလဲဆရာ ကျေးဇူးပါ။

ထိခိုက်ဒဏ်ရာရတိုင်း ပျောက်တဲ့အခါ အမာရွတ်ဖြစ်တယ်။ ဒဏ်ရာသေးလေ အောက်မနက်လေ ပျောက်တာမြန်လေ၊ အမာရွတ်ထင်တာ နည်းလေး။ ဦးခေါင်းမှာဖြစ်တာ ခြေထောက်ထက် မြန်တယ် ကောင်းတယ်။ ကလေးမှာဖြစ်တာ လူကြီးထက် မြန်တယ် ကောင်းတယ်။ အနာဆိုတာ သူ့အလိုလိုသာ ကျက်တယ်။ ပိုးမဝင်အောင်သာ ဂရုစိုက်ရတယ်။ ချုပ်စရာ ပြင်စရာလိုရင် လုပ်ပေးရတယ်။ အမာရွတ်ပျောက်ဆေး မရှိ။

Shaving Baby's Head ကလေးခေါင်းရိတ်သင့် မသင့် http://doctortintswe.blogspot.com/2016/11/shaving-babys-head.html
Injury Care ဒဏ်ရာ https://doctortintswe.blogspot.com/2018/08/injury-care.html
Wound healing အနာဒဏ်ရာတွေ ဘယ်လိုကျက်သလဲ https://doctortintswe.blogspot.com/2018/01/wound-healing.html
Petroleum jelly အနာကို ဘာဆေးထည့်မလဲ https://doctortintswe.blogspot.com/2018/06/petroleum-jelly.html
Injury First Aid ထိခိုက်ဒဏ်ရာပြုစုနည်း http://doctortintswe.blogspot.com/…/04/injury-first-aid.html
Skin infections (Ulcer) အနာ https://doctortintswe.blogspot.com/2016/11/skin-infections-ulcer.html
Skin Pressure Sore ဖိအားသက်အနာ https://doctortintswe.blogspot.com/2017/09/skin-pressure-sore.html
Sterilization ပိုးသန့်ခြင်း http://doctortintswe.blogspot.com/2014/11/sterilization.html
Surgical wound ခွဲစိတ်ဒဏ်ရာ https://doctortintswe.blogspot.com/2014/12/surgical-wound.html
Ulcer အနာ https://doctortintswe.blogspot.com/2017/10/ulcer.html

ဒေါက်တာတင့်ဆွေ
၃၁-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး