ကြိုးပမ်းခြင်းအမှု

• ဇရာသဘောကိုငါသိ၊ သက်ကြားအိုကျန်းမာရေး ငါဆက်ရေးနေ၏။
• အရက်ဖြတ်ဆေးစာ အရက်သမားတွေ မဖတ်ကြမှန်းသိ၊ ငါဆက်ရေးနေ၏။
• အာဏာရှင်တွေ နားခါးမှန်းငါသိ၊ ဒီမိုကရေစီစကား ငါဆက်ပြောကြားနေ၏။
• ပြည့်နေတဲ့ပန်းကန်ထဲ ထပ်ထည့်လို့မရတာငါသိ။ မပြည့်သေးဘဲ လက်နဲ့ဖုံးတားတတ်ကြတာလည်း ငါမြင်နေရ၏။
• တရားသေသမား တရားသွားမဟောနဲ့ဆိုတာငါသိ၊ တရားမျှတရေးစာ ငါဆက်ရေးနေ၏။
• မြန်မာစာ သန်းလေးငါးဆယ်သိ၊ သတ်ပုံမမှန်တာ သန်းသုံးလေးဆယ်လောက်ရှိ၊ ရေးတော့ရေးနေပါ၏။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၈
၂၇-၃-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ