Hammer and Anvil ပေသားပြင် တူတင်လို့နှက်

တကောင်းမြို့က မဟေသီ

မဟေသီ ဒေဝီ မြှောက်ဖို့ 
တော်ကောက်တယ်။

တသောင်းတန်တဲ့
ဒေါင်းအလံစိုက်။

နှမလေး တော်ကောက်တော့
မြွေဟောက်ဒေါသ ပါးပျဉ်းထသို့။

ပန်းပဲ သံကျို ဖိုဝက မီး
မောင်ကြီး ငတင့်တယ်
ဘယ်တူက ခွက် ၅၀
ညာတူက ခွက် ၂၅
သံပိဿာ ၇၅
ကိုင်ထားတဲ့ ယောက်ျား
ပေသားပြင် တူတင်လို့နှက်။

တကောင်းမြို့လုံး
တူသံဖုံး အုန်းအုန်းကျွက်ကျွက်။

ဘုရင့်နားတွင်း
တူသံပြင်း သွေးခြင်းစက်စက်။

ငယ်တုန်းက တကယ်ယုံ
ပုံပြင် ရုပ်စုံစင်ပေါ်မှာ။ ။

ကြည်အောင် ၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ကရေးခဲ့တဲ့ကဗျာ။

ခုခေတ်မှာတော့ တစ်သောင်းတဲ့၊ တစ်ကောင်းတဲ့။ မြန်မာစာ ပေသားပြင် တူတင်လို့နှက်။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်