အဆွယ်လား အစွယ်လား

စည်ပင်သာယာရွေးကောက်ပွဲပို့စ်တွေဖတ်ရတယ်။ တခုကတော့ မဲစွယ်တဲ့ပုံကြည့်ပါအုံး ဘယ်လောက် ရိုးစင်းလည်းဆိုတာ တဲ့။ (အမည် မထည့်တော့ပါ။ အားနာလို့)

မဲဆွယ်လို့ ရေးရတယ်။ စည်ပင်သာယာရွေးကောက်ပွဲမှာ သတ်ပုံမှားတွေ မရှင်းနိုင်ရင်နေပါ၊ အစွယ်ငေါငေါနဲ့ ခွေးလေခွေးလွင့်တွေကို ရှင်းနိုင်စေချင်ပါတယ်။

ဆွယ်
ဆွယ်ကပ်
ဆွယ်တရား
ဆွယ်တာ
ဆွယ်မြှောင်
သူများအိမ်မှာ ဆွယ်နေရသည်
အဆွယ်ကောင်းလို့ ပါသွား

စွယ်
စွယ်စုံကျမ်း
စွယ်စုံဆင်
စွယ်ပုန်း
စွယ်ဖုံး
စွယ်ရံ (သွား)
စွယ်ရန်း (လှည်း၊ ရထား)
စွယ်တော်
စွယ်တော်ပန်း
စွယ်တော်ရွက်
စွယ်ယောင်ပြ
ဆင်စွယ်
ရန်စွယ်

နှစ်လွှာပေါင်းမှ တရွက်မည်သော စွယ်တော်ရွက် (သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်၊ တက္ကသိုလ်ဘုန်းနိုင်)

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၁၉
ပုံ Gyit Too (Monyaw) ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး