Achondroplasia မွေးရာပါရောဂါတမျိုး

မင်္ဂလာပါ ဆရာရှင့် ကျွန်မ အသက် ၂၉ ပါ သားသား မွေးထားတာ ၄ လခွဲရှိပါပီ သားလေးက မွေးရာပါ achondroplasia လို့ခေါ်တဲ့ရောဂါ ပါလာတယ်လို့ ပြောကြပါတယ် ဆရာ့ကို ကျွန်မ မေးဖူးပါတယ်ရှင့် ဆရာပြောသလိုပဲ ဆရာဝန်နဲ့လည်း ပြထားပါတယ် ဒါပေမယ့်သိပ်မရှင်းပြကြပါဘူးဆရာ အခုကျွန်မ အမျိုးသားက ကလေးမှာ ဒီလိုရောဂါ ပါလာတာ ကျွန်မကြောင့်ဖြစ်တာလို့ အမြဲတမ်းပြောနေပါတယ်ဆရာ သားဦးကလေးပါ နောက်ကလေးယူရင်တောင် ဒီလိုထပ်ဖြစ်မှာ ဆိုပြီး ကျွန်မကို အပြစ်တင်နေလို့ပါဆရာ အဲ့ဒါ ကျွန်မကြောင့်ဖြစ်တာလား ဒီရောဂါရဲ့ဖြစ်ရခြင်း အကြောင်းကို ရှင်းပြပေးပါဆရာ

Achondroplasia ဆိုတာ မွေးရာပါ အရိုးဖွံဖြိုးမှုမမှန်တဲ့ရောဂါတမျိုးဖြစ်တယ်။ ကားတလေ့ခ်ျ ခေါ် အရိုးနုဖြစ်စဉ်ကို တားဆီးခံရလို့ဖြစ်တယ်။ အရပ်ပုနိုင်တယ်။ တံတောင်ဆစ် သူများလိုလှုပ်မရဖြစ်နိုင်တယ်။ ဦးခေါင်းအရွယ်အစား ကြီးနေနိုင်တယ်။ လက်ချောင်းလေးတွေ တိုနေနိုင်တယ်။ ဥာဏ်ရည်နိမ့်နိုင်တယ်။ ဆောရီး။

ကျန်းမာရေးလည်း ချို့တဲ့မယ်။ အသက်ရှူရတာ၊ အဝလွန်တာ၊ ရောဂါပိုးမကြာခဏဝင်တာ၊ ခါးရိုးအနေအထားမူမမှန်တာ စသည်။ တချို့ကလေးတွေမှာ အသိစိတ်ပုံမှန်ဖြစ်တယ်။

မျိုးဗီဇမှာ မြူတေးရှင်း ခေါ်တာ မူမမှန်လို့ဖြစ်ရတယ်။ Mutations in the FGFR3 gene လို့ခေါ်တယ်။ မျိုးဗီဇရောဂါတွေက အလွန် အသိရခက်တယ်။ အထူးကုဆရာဝန်တွေက မသိနိုင်သေးတာတွေရှိတယ်။ လေ့လာမှုတွေ ဆက်လုပ်နေကြတယ်။ ဆရာကတော့ ဘယ်သူ့အပြစ်လို့ မသိပါ။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး