Human Nature လူ့မနော လူ့သဘော

ဆရာ မြန်မာစာတွေ လိုက်ပြင်နေတာ တွေ့တယ်  ဒါပေမယ် မရတော့ဘူး အများစုက ပညာမတတ်တာတွေ များလာပြီး

မဟုတ်လောက်ပါ။ ၂၀၁၉ ခုနှစ်ဝင်ကတည်းက တစ်အမှားတွေကို တအမှန်ပြင်လာသူတွေ တနေ့တခြား များလာပါတယ်။ ယဉ်ကျေးမှုဖြစ်စဉ်သဘောအရ လူ့စိတ်သဘောဟာ ကောင်းစေ မှန်စေလိုတာက ပိုကဲတယ်။

လေ့လာမှုတခုအရ လူသားတွေရဲ့ ထူးခြားချက် ၆ ချက်ရှိတယ်။
၁။ Skills ကျွမ်းကျင်မှုမှာ Playful ပျော်စရာရွှင်စရာကို သဘောကျတယ်။
၂။ Knowledge ဗဟုသတမှာ Scientific သိပ္ပံနည်း (လက်တွေ့) ကျတာကိုလက်ခံတယ်။
၃။ Behaviour အမူအယာမှာ Legislative ဥပေးစည်းကမ်းကိုလိုက်နာလိုတယ်။
၎။ Feeding အစားအသောက်မှာ Epicurean ကောင်းတာကိုသာစားချင်တယ်။
၅။ Sex လိင်မှုမှာ Clandestine လျို့ဝှက်ချင်တယ်။
၆။ Communication ဆက်သွယ်ရေးမှာ Gossipy အတင်းစကား၊ တိုးတိုးတိတ်တိတ်စကားကို သဘောကျလေ့ရှိတယ်။

တတ်သိလိမ္မာသူတွေကတော့
၁။ Kindness ကြင်နာ သနားစိတ်ရှိကြတယ်။
 ၂။ Integrity တည်ကြည်မှု သမာဓိရှိကြတယ်။
 ၃။ Diligence စေတနာ ကရုဏာစိတ်ထားကြတယ်။

ပိုပြီး တော်သူ ကောင်းသူတွေဟာ Ethics ခေါ် ကို ကျင့်ဝတ်၊ ကိုယ်ကျင့်တရားနဲ့ ဂုသိက္ခာကို လေးစားလိုက်နာကြတယ်။

Civilization ဆိုတာ လူတွေအရိုင်းအစိုင်းအဖြစ်ကနေ တဖြည်းဖြည်းယဉ်ကျေးလာခြင်းလို့ဆိုလိုတယ်။

လူနဲ့ တိရစ္ဆာန် ကွာခြားချက်တွေထဲက ထင်ရှားတာတခုကတော့ လူသားတွေက အဝတ်အစားဝတ်ဆင်ကြတယ်။

တင်ပြချက်တွေကနေ သွေဖီတဲ့ ချွင်းချက်တွေလည်း အမှန်ရှိပါတယ်။ အများစုကြီးကတော့ ဒီအချက်တွေနဲ့ ကိုက်ညီပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာလည်း သည်အတိုင်းဖြစ်တယ်။

ကျွန်တော်က ဇွဲမညံ့လှပါ။ စစ်အာဏာရှင်ကို ၂၄ နှစ်ကြာဆန့်ကျင်ခဲ့သူ။ မြန်မာစာရေးတာ မကြာသေးပါ။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး