တရေးချစ်ခွင့်မြင်ရနိုး

မိတ်ဆွေတယောက်ကတင်ထားတယ်။ Ko Nyo Aung ဂီတစာဆို ကိုလေးညွန့်၏ ကျော်ကြားသောတေး၊ အတီး ကိုသိန်းဆွေ၊ မေကျော့ဝါနှင့် တဲ့။

ယူကျုမှာတော့ မိတ်ဆွေထက် စာရေးတော်တဲ့သူတွေသာတွေ့တယ်။ တစ်ရေး တစ်ရေးတဲ့။ သူတို့ သီချင်းခေါင်းစဉ် ဖတ်တာနဲ့ လွမ်းစရာတွေ ပျောက်ကုန်ရော။

တရေးချစ်ခွင့်မြင်ရနိုး

နီးဖို့ရာဆိုရင် ဝါဆိုတောင်မှ ပြာသိုနားတွင် ထားလိုက်ချင် ရက်ပြင်လစွန်း ယွန်းလေသည့်အဝေးနှင် ကြာလေလေ သတိရအတိုင်းတိုင်း တပြန်တပြည် တနာရီမျှ တဆံချည်မျှင် မေ့နိုင်အောင်ပဲ စေ့စေ့ကဲလျှင်

ထိလုမိုးဆီ တိမ်သို့မီသား ထွဋ်ဖုန်းခေါင်ဖျား မြတ်စေတီအပါး၌ နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့် တရေးချစ်ခွင့် မြင်ရနိုးရှင့် တရေးရေးချစ်ခွင့် မြင်ရနိုးရှင်

ဦးလည်ဆံမြည့် နှောင်းတရွေ့ရွေ့ မြူးဆွယ်ဟန်ဓလေ့ အောက်တမေ့မေ့ တနေ့နေ့တချိန်ချိန် အိမ်သူ့ဆွေအား ဒီကမေတ္တာ သခင့်ဖို့ပါပဲ သြော်ရှင့်ဖို့ပါပဲ အမွန်စကားလက်ဆောင်ပါး၍ မျှော်ရလတ်သူ စောင့်ရလတ်သူ နေ့တာကရှည် ညတာလည်းရှည် ချိုးလက်ရေ အခါခါပြောင်း အခါခါပြောင်း ညောင်းနိုင်ဘူးရှင်

ကြောင်းလျားစီစစ် မယ့်အပြစ်ချည်းမို့ ဝမ်းနည်းဝမ်းပါ ရွှေအားတော်ငယ်ပါဘိ မှားမိသည့်ဝန်တာ ဆွေရင်းချာသို့ ကျေရာကျေကြောင်း တောင်းပန်ချင် ထိလုမိုးဆီ တိမ်သို့မီသား ထွဋ်ဖုန်းခေါင်ဖျား မြတ်စေတီအပါး ၌ နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့် တရေးချစ်ခွင့် မြင်ရနိုးရှင့် တရေးရေးချစ်ခွင့် မြင်ရနိုးရှင်

ထိလုမိုးဆီ တိမ်သို့မီသား ထွဋ်ဖုန်းခေါင်ဖျား မြတ်စေတီအပါး၌ နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့် တရေးချစ်ခွင့် မြင်ရနိုးရှင့် တရေးရေးချစ်ခွင့် မြင်ရနိုးရှင်

ဒေါက်တာတင့်ဆွေ
၂၉-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး