ထန်းရွက်ပုတီး

ရွှေစာရံကို တခေါက်လား နှစ်ခေါက်ရောက်ဖူးတယ်။ ကြာလှပါပြီ။ ကိုးဂဏန်း နတ်မကြိုက်တဲ့နေရာသွားရင် မောင်ကျောက်ခဲပါ ခေါ်တင်သွားရတယ်တဲ့။

ဟေဝန်စုံမြိုင် တောဂနိုင်ဆန်းကြယ် မမောနိုင်လှမ်းမယ် မောင်ရယ်လိုက်ခဲ့ပါ လားလို့ ညိုညိုစန်းက အဖေါ်ခေါ်ပါတယ် မန္တလေးရွှေမြို့ရဲ့ အရှေ့ဆီမျှော်မှန်းရွယ် နွားကြန်စုံ ခြေကုန်မောင်းတော့ မြေတုန်စောင်းအောင် လှည်းဘီးကလေးက ချာချာလည် မောင့်သူငယ်ချင်းတွေ့

ရွှေစာရံဘုရားကို မိသားစုနဲ့အတူသွားတော့ လောက်စာလုံးလောက်သာကြီးတဲ့ ကျောက်ခဲလေးတလုံး တင်သွားခြင်းဟာ ကားမောင်းတဲ့ဆရာဝန်အဖို့ ကိုယ့်ကိုယ်ကို စိတ်ချမှုပိုစေတယ်လို့ ယူဆမိခဲ့တယ်။

အသက်မကြီးသေးပါမောင်ရယ် ထန်းရွက်ပုတီးဆွဲဖို့ ရွှေစာရံကို အရောက်သွားလို့ကွယ်။

ထန်းရွက်ပုတီး - ခင်အုံးမြင့် https://www.youtube.com/watch?v=Visy17_Xo2w

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး