၁၇ တန်းကျောင်း

အိုဂျီပါမောက္ခ အသက် ၉၀ မွေးနေ့ပုံတွေ တွေ့ရတယ်။ ဆာဂျရီပါမောက္ခက စကားပြောတာလည်းပါတယ်။

ကျွန်တော့်ကျောင်းတွေဆိုတာ လေးတန်းအထိနေခဲ့တဲ့ကျောင်း၊ ဆယ်တန်းအထိနေခဲ့တဲ့ကျောင်းနဲ့ ဆေးကျောင်း။ မူလတန်းကျောင်းကိုတော့ နည်းနည်းသာ မှတ်မိတော့တယ်။ ဆယ်တန်းနဲ့ ဆေးကျောင်းကို အတော်မှတ်မိပြီး သူငယ်ချင်းတွေရော ဆရာဆရာမတွေကိုပါ အလွန်မှတ်မိတယ်။

ဆရာဝန်တွေက တခြားအသက်မွေးမှုတွေထက် ကျောင်းသက်အနည်းဆုံး တနှစ်လောက် ပိုကြတယ်။ အလုပ်သင်ပါ ထည့်တွက်ရင် နှစ်နှစ်ပိုတယ်။ ကျွန်တော်က အထက်တန်းမှာပါ သူများတွေထက် တနှစ်ပိုကြာတယ်။ စာမေးပွဲတော့မကျ အသက်က ၁၅ နှစ်မပြည့်လို့ ၉ တန်းမှာ ၂ နှစ်နေခဲ့ရတာ။

လေးတန်း၊ ဆယ်တန်းနဲ့ ဆယ်ခုနစ်တန်းက ဆရာဆရာမတွေနဲ့ သူငယ်ချင်းတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး