အမှားကို ရောင်းစားသူများ နှင့် အမှားကို ပိုက်ဆံပေးဝယ်သူများ

အမှားကို ခွင့်ပြုသူများ နှင့် အမှားကို အမှန်လို့ယူသူများ

အဲဒီ စာလုံးပေါင်း အမှားတွေက တစ်ဆင့်ပြန်လည်ပုံနှိပ်ထုတ်ဝေပြီး အခကြေးငွေနဲ့ ရောင်းတဲ့ စာတိုက်တွေက မှားတာပါဆရာ ပညာရေးဌာနက တရားဝင်ထုတ်ပေးတဲ့ ယခုစနစ်သစ် စာအုပ်တွေမှာ စာလုံးပေါင်း သတ်ပုံအမှားမပါ ပါဘူး ဆရာ

ဟုတ်။ တကို တစ်မရေးတာကိုတော့ ဆင်ဆာအဖွဲ့ကရော ဆင်ဆာအဖွဲ့မရှိတဲ့နောက်ရော ထုတ်ခွင့် ရေးခွင့်မပေးကြပါ။ ကျောင်းသုံးစာအုပ်တွေမှားတာတော့ ထုတ်ခွင့်ရောင်းခွင့်ပေးတယ်။ ပိုက်ဆံပေးဝယ်ယူကြတယ်။ အမှားတွေအတိုင်း လိုက်ရေးကြတယ်။

စာရေးဆရာတွေရော ကဗျာဆရာတွေရော၊ စာတွေကို အွန်လိုင်းမှာတင်သူတွေရော၊ ဒေါင်းလုဒ်တင်သူတွေရော၊ မေးခွန်းမေးသူတွေရောက ပေါ်လစီအရပြင်ထားတာကိုသာ လိုက်ရေးကြတယ်။

အခုကွန်မင့်မှာရေးသလိုပဲ။ ကျွန်တော့်တသက်လုံး တဆင့်လို့သာ သင်ခဲ့ရ၊ ရေးခဲ့ရ၊ ဖတ်ခဲ့ရတာ ခုခေတ်ကျမှ တစ်ဆင့်တဲ့။

ပညာရေးဌာနက တရားဝင်ထုတ်တဲ့ စာမေးပွဲမေးခွန်းတွေမှာလည်း အမှားတွေပါတယ်။ ကျောင်းသုံးစာအုပ်တွေမှာ ဟိုအရင်က ပညာရှင်တွေရေးထားခဲ့တာတွေကို သတ်ပုံပြင်ထုတ်တယ်။ သင်ခိုင်းတယ်။ ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို အစိုးရက ချိုးဖေါက်တာဖြစ်တယ်။

ဆရာကြီးတွေချည်းပဲ။ ပညာရှိကြီးချည်းပဲ။ အရာရှိကြီးတွေချည်းပဲ။ အရေးယူတယ်လို့ တကြိမ်တခါမှ မကြားဖူးသေးပါ။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး