ဟုတ်လေးတမတ်


အတော်အသုံးနည်းသွားပြီ။ ဟိုအရင်က သုံးတယ်။ မခန့်မညား၊ မရိုမသေပြုသည်လို့ အဓိပ္ပါယ်ရတယ်။

စစ်အစိုးရခေတ်မှာထုတ်တဲ့ သတ်ပုံကျမ်းမှာလည်းပါတယ်။ အဲတာထဲမှာတော့ အသေအချာ ဖြောင့်ဖြောင့်တန်းတန်း၊ မရိုမသေ မလေးမစားလို့ နှစ်မျိုးဖွင့်ဆိုထားပါတယ်။

ဟုတ်လေးတစ်မတ်လုပ်မထားလို့ နည်းနည်းတော့ အံ့သြမိတယ်။ တကို စသတ်ဖို့ မေ့သွားသလားတော့ မသိ။

တမတ်ဆိုတာ လေးပုံတပုံဖြစ်တယ်။ ၂၅ ပြားမဟုတ်ပါ။ ဟုတ်လေးတမတ်ခေတ်က လွတ်မြောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး