ရေတွေရေတွေ စိုကုန်ပြီ

၁။ ဒီဆေးသုံးမျိုးရဲ့အသုံးဝင်ပုံကို google မှာ ရှာမတွေ့ လိုပါဆရာ ဘာဆေးတွေလဲစိုတာ သိရင်ပြောပြပေးပါလား (ဘာဆေးတွေလဲဆိုတာလို့သာ ရေးရတယ်။)

၂။ သမီးအသက် ၂၄ ပါဆရာ။ တားဆေးသုံးရင် နောက်ပိုင်း ကိုယ်ဝန်မရနိုင်ဘူးစိုတာ မှန်လားဆရာ။ (ဆိုတာလို့ရေးရ။)

၃။ သမီးသားလေးက ခုစိုတတန်းတက်နေတာပါ။ သူများကလေးတွေ တတန်းစို ငယ်သွားလဲနေပြီ။ (အခုဆို၊ တတန်းဆိုလို့သာ ရေးရ။)

၎။ ဒါစို ဘယ်သွေးအားတိုးဆေးသောက်ရင် အဆင်ပြေမလဲ (ဒါဆိုလို့ရေးရ)

၅။ စာလုံး နောက်ခံ back groung အရောင်ကို စိုလိုတာပါ ခင်ဗျာ။ (ဆိုလိုတာပါလို့ရေးရ)

စို နဲ့ ဆို မှားရေးရေးကြသူတွေက တပုံတခေါင်း။ အဲတာတွေက နမူနာသာရှိသေးတယ်။

စို
စိမ်းလန်းစိုပြေ
စိုစွတ်သည်
စိုစိုပြည်ပြည်
စိုစိုပြေပြေ
စိုရွှဲနေသည်
ရွှန်းရွှန်းစိုစို
အရောင်စိုသည်
ရေစိုနေသည်
မိုးစိုနေသည်

ဆို
စာဆိုတော်နေ့
ဆိုရှယ်လစ်စနစ်
ဝါဆိုလ
သီချင်းဆိုသည်
အဆိုတင်သွင်း
အဆိုအမိန့်
ပြောဆိုသည်
ပြောပြောဆိုဆို
ဆိုကြပါစို့ ခွဲရသည်က ခဏတာ
ဆိုပါအုန်း ဘာကိစ္စလဲ
သူဆိုရင် သိပ်တော်တာပဲ
စိမ်းရောင်စို တောင်ညိုကမှိုင်း
မိုးစိုစိုမှာ သီချင်းဆိုနေသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး