ဒို့တိုင်းဌာနီ

ဒေါက်တာလှကျော်ဇောရေးတာတခု ဖတ်ရတယ်။ မနေ့ကကွယ်လွန်သွားတဲ့ ခင်ဆွေဦးရေးတဲ့စာကို ထည့်ရေးထားတယ်။

(စ) ဖေဖေအကြောင်းတွေ တစုံတရာရေးလို့ရလာတဲ့ ဖေဖေ ကွယ်လွန်ပြီးချိန်မှာတော့ သူရေးနေကျ ကလျာမဂ္ဂဇင်းမှာ ဖေဖေအတွက် အမှတ်တရဆောင်းပါးတွေ ရေးလာတာ တွေ့ရပါတယ်။ ဒါ့အပြင် ဖေဖေအတွက်ရည်စူးပြီး ရန်ကုန်ရှိဆွေမျိုးကပြုလုပ်တဲ့ ဆွမ်းကျွေးပွဲများကိုလည်း သွားရောက်ပြီး ၀မ်းနည်းခြင်း မှတ်တမ်းစာအုပ်မှာလည်း အခုလိုရေးသားထားခဲ့ပါတယ်။ ကိုကိုရွှေ (ဗိုလ်ကျော်ဇော) ဟာ ကျွန်မအကိုရင်းပါပဲ။ ကျမ ဒို့တိုင်းဌာနီ လုံးချင်းဝတ္တု ကိုကိုရွှေကြောင့်ထွက်ပေါ်လာတာအမှန်။ ကျမစိတ်ထဲ ကိုကိုရွှေကွယ်လွန်မယ်လို့ ဘယ်တော့မှမထင်တော့ပါဘူး။ (ခင်ဆွေဦး) (ဆုံး)

ခင်ဆွေဦးရေးတဲ့စာတွေရော သူ့ဖခင်မဟာဆွေရေးတဲ့စာတွေကိုပါ ငယ်ကတည်းက ဖတ်ခဲ့ပါတယ်။ အခုအွန်လိုင်းမှာ လိုက်ရှာတော့ သတ်ပုံတွေပြင်ထားကြတယ်။

အော်  ဒို့တိုင်းဌာနီဆိုတာ ပြင်တာအတော်ဝါသနာပါကြပါကလား။ မှန်နေတာကို လွဲအောင်ပြင်ကြတာ။ တကယ့်မင်းသမီးကို တစ်ကယ့်မင်းသမီးတဲ့။ အော် ဒါ ဒို့ပြေ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)