အပြောင်းအလဲဟူသည်

ဖဆပလ ခေတ်မှာ မြို့မမောင်သတင်းစာကို ရန်ကုန်သတင်းစာလို့ အမည်ပြောင်းခဲ့တယ်။ မတ်လ ၂၇ ရက်ကို တပ်မတော်နေ့လို့ထက် တော်လှန်ရေးနေ့လို့ ပိုပြီးလူသုံးများတယ်။

၁၄ ကြိမ်မြောက် တပ်မတော်နေ့ကျင်းပစဉ်က ဝင်ကြေး တယောက် ၂၅ ပြားပေးရတယ်။ ကားတစီးလို့ ရေးတယ်။ လူတယောက်လို့ ရေးတယ်။

နောက်တော့ အင်္ဂလိပ်စာလုံးပေါင်း ရန်ဂူး ကနေ ယန်ဂုံ လို့ပြောင်းလိုက်တယ်။ မတ်လ ၂၇ ရက်ကို တပ်မတော်နေ့လို့သာ ခေါ်စေတယ်။ လူတစ်တွေ ကားတစ်တွေလို့ ရေးမိန့်ထုတ်တယ်။

အပြောင်းအလဲဆိုတာ အဲတာသာဖြစ်ပါကြောင်း။

ပုံတင်ပေးသူတွေ ကျေးဇူး။

ဒေါက်တာတင့်ဆွေ


ဒါလည်း အပြောင်းအလဲလား

(ကန်တော့)

ကျန်းမာရေးမေးခွန်းတွေကို ဖြေနေတာ ဆယ်နှစ်လောက်ကြာပြီ။ ဘယ်ရာသီမျိုးမှာ ဘာရောဂါတွေဖြစ်လေ့ရှိသလဲ ကောင်းကောင်းသိနေပြီ။ ဟိုအရင်ခေတ်ကနဲ့ မတူတာလည်း သိတယ်။ ဘာ့ကြောင့် ရောဂါသစ်တွေဖြစ်လာသလဲ စာတပုဒ်ကို တလောကရေးလိုက်တယ်။

နောက်အသစ်တမျိုးက မကြာခင်မှသာ တိုးလာတာ။ နေ့တိုင်းနေ့တိုင်း အနည်းဆုံး လေးငါးယောက်က ဖျက်နည်း မေးကြတယ်။ အသက်ငယ်သူတွေများတယ်။ အိမ်ထောင်သည်တွေလည်း ပါတယ်။ ဒုက္ခရောက်လို့ဆိုတာချည်းပဲ။ မတတ်နိုင်။ ဆောရီး။

ယဉ်ကျေးမှုနဲ့ စာလုံးပေါင်းသတ်ပုံကအစ အရင်ကအဲလိုပါလို့ပြောရင် မကြိုက်ချင်ကြသူတွေ မနည်းလှပါ။

အဲဒီမေးခွန်း မေးလာကြတာ ၂၀၁၉ ခုနှစ်ဝင်လာမှ များလာတာ။ ဒါလည်း အပြောင်းအလဲလား။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး