မိုး



ရီရီသန့်ဆိုတဲ့ မိုး သီချင်းစာသားတင်တာမှာ  နည်းနည်းလွဲတာတွေ့လို့ စန္ဒယားချစ်ဆွေသီချင်းစာသားကို တင်ပြလိုက်ပါတယ်။

ဝသန်ခါမှီ လရာသီ ပြာရီရစ်ဝိုင်း ဆိုင်းနွဲ့နွဲ့ မှိုင်းလဲ့လဲ့ သိုင်းဖွဲ့လို့ဟန်ချီ မင်းလွင်ဆီ ညိုရောင်မှောင်ခိုး မိုးလခါမှီ ဖြိုးးဖြိုးလျှလျှ စွေလှသည်

(ဂျိုးဂျိမ်းသံ မာန်တင်းကာပ အသူရာ သိကြားမင်းက စစ်ခင်းကာပြိုင်ကြသည်)၂ စိတ်မကျေနိုင် အနိင်လုတော့ အေးလှပါသည် ထွေးစရာ့ဗလာအတည် ဆွေး ဆွေး ဆွေးရတာရှည် ဇာကတ္တီဗွေစိုင် ဖြေနိုင်ပါပဲ မလုံ့တလုံ ခြုံလွှာမွဲသို့ မစုံဖော်ကွဲ သည်း သည်းကြွေလုပြီ သြော် ဘယ်ခါမှအတူတကွ နေရပါမည် နွေးစရာ့အတည် ဆွေနှမဒါလီ ဝေး ဝေးလှသည်

(လိုက်တော်မူသင့်ပါရဲ့ အခွင့်ကိုမျှော်)၃ (မသင့်တော်သလိုပ တမေခင်လွဲ)၂ သြော် ရွှေရင်ထဲမှဖြင့် ကွဲလုပြီ (စွဲသူ့မျက်ရည်)၂ ရက်ရှည်ရှည် ဆွေးတယ်လေး သွေးကဲ့သို့နီ

ပစ္စုန်ရယ် သံစုံရင့်ကျုး မြူးခဲ့ပြီ လေဦးမိုးသက်ချီ တရွေ့ရွေ့နဲ့ မိုးငွေ့တွေလေချီ ငွေချည်ငွေပန်း တန်းကာကျပြီ ဆန်းစွာလှသည် လွမ်းတာကရှည် ပန်းလျဝေရီ မှန်းဆလို့ပဲ ဖြေမဆည်နိုင်တော့ပြီ

ရေး။ အလင်္ကာကျော်စွာရွှေပြည်အေး
ဆို။ စန္ဒယားချစ်ဆွေ https://www.youtube.com/watch?v=NfwE-DfA23Y

မလုံ့တစ်လုံ မဟုတ်၊ အတူတစ်ကွ မဟုတ်။ တစ်ရွေ့ရွေ့နဲ့ မဟုတ်။ ခုခေတ်မှာတော့ အတူတစ်ကွနဲ့ တစ်မေခင်လွဲတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး