Cervical Cancer သားအိမ်ဝကင်ဆာ မေးခွန်း

(ကန်တော့)

ကျွန်မအသက် ၃၃ နှစ်ပါ အိမ်ထောင်ကျတာ ၅ နှစ်ရှိပါပြီ ကလေးတယောက်ရှိပါတယ်ရှင့် ၃ နှစ်ပါ သမီးလေးမွေးပြီးထဲက ၃ လခံတားဆေးသုံးပါတယ်ရှင့် ခု ၂လလောက်ရှိပြီ သွေးနဲနဲဆင်းပါတယ်ရှင့် ၂ ရက်ခြားတခါ ၃ ရက်ခြားတခါပါ အတူနေချိန်တွေလည်း သွေးဆင်းပါတယ်ရှင့် အဲဒါ ဘာကြော့င်ပါလည်းရှင့် ၃ လခံထိုးဆေး ကြောင့်လား ရောဂါတခုခုဖြစ်နေတာကြောင့်လားရှင့် ဆိုးရိမ်ပြီးအိပ်မပျော်လို့ပါရှင့် OG နဲ့တော့ပြထားသေးတယ်ရှင့် အန်ထွာဆောင်း ရိုက်တာတော့ ဘာမှမရှိဘူးပြောတယ်ဆရာ သွေးမဆင်းအောင် သောက်ဆေးပေးပါတယ် ဆေးသောက်ချိန်သွေးမဆင်းပါ ဆေးသောက်နားလိုက်ရင် သွေးပြန်ဆင်းနေပါတယ်ရှင့် သားအိမ်ဂေါင်းကင်စာ ဖြစ်မှာကြောက်လို့ပါရှင့်

Vaginal Bleeding During Sexual Intercourse အတူနေစဉ် သွေးထွက်ခြင်း https://doctortintswe.blogspot.com/2014/11/vaginal-bleeding-during-sexual.html

ကင်ဆာလို့ ရေးရတယ်။ အာထွာဆောင်းလို့ ရေးရတယ်။ စိုးရိမ်လို့ ရေးရတယ်။ သားအိမ်ခေါင်းလို့ရေးသင့်တယ်။ သားအိမ်ဂေါင်းလို့ ရေးတာမမှန်။

ဆရာရှင့် သားအိမ်ဂေါင်းကင်ဆာအကြောင်းသိချင်လို့ပါရှင့် ဘယ်လိုရှာဖက်ရမလည်းလမ်းညွှန်ပေးပါရှင့်

Cervical Cancer သားအိမ်ဝကင်ဆာ မေးခွန်း https://doctortintswe.blogspot.com/2018/08/cervical-cancer.html

ဦးခေါင်း
ခေါင်းကျိန်း
ခေါင်းခု
ခေါင်းခဲ
ခေါင်းချင်းရိုက်
ခေါင်းစည်းကြိုး
ခေါင်းစဉ်
ခေါင်းစီးစာကြောင်း
ခေါင်းညိတ်
ခေါင်းတုံး
ခေါင်းတိုင်
ခေါင်းနားပန်းကြီး
ခေါင်းပုံဖြတ်
ခေါင်းပန်းလှန်
ခေါင်းပါး
ခေါင်းပိတ်
ခေါင်းဖြီး
ခေါင်းမြီးခြုံ
ခေါင်းမာ
ခေါင်းရွတ်ဗျပ်ထိုး
ခေါင်းရိတ်
ခေါင်းရှုပ်
ခေါင်းအုံ
ခေါင်းအုံး
ခေါင်းဆောင်
ခေါင်းပေါင်း
ခေါင်းလျှော်ရည်
ခေါင်းလောင်း

တခြားသူတွေက သားအိမ်ခေါင်းလို့ရေးကြတယ်။ ကျွန်တော်က သားအိမ်ဝ။ အတူတူဖြစ်တယ်။ ဂေါင်းဆိုတာ အသံထွက်သာဖြစ်ပြီး သတ်ပုံကျမ်းတွေမှာ မပါ။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး