ဧည့်ခန်း

မိတ်ဆွေတွေ သူငယ်ချင်းတွေ ဖရင်းတွေ အမျိုးတွေက ဇနီးခင်ပွန်း သားသမီး မြေးတွေနဲ့ပုံ၊ သစ်ပင်တွေနဲ့ပုံ၊ စားစရာတွေပုံ၊ ငယ်ငယ်တုန်းကပုံ၊ ခရီးသွားတဲ့ပုံ၊ ဆယ်လ်ဖီးပုံ၊ ကိုယ်သဘောကျတဲ့ပုံ၊ ကိုယ်မကြိုက်တဲ့ပုံတွေ တင်ကြတယ်။

ကျွန်တော်လည်း အားလုံး အတူတူလုပ်လေ့ရှိပါတယ်။ တခုတည်းသာ မလုပ်တာ။ ကိုယ်မကြိုက်တာကိုတော့ ကိုးကွယ်သလို မတင်ပါ။

တချို့က လူတွေအင်မတန်မုန်းတဲ့သူပုံ လူတွေကိုနှိပ်စက်ကလူပြုသူတွေပုံကို တင်နေကြတယ်။ သူတို့ဧည့်ခန်းမှာ ကျွန်ုပ်မကြိုက်သောသူလို့ရေးပြီး အဲလိုပုံချိတ်ထားကြသလားမသိ။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)