လူလိမ်မာသားယဉ်ပါး လူမိုက်သားရမ်းကား
မုံရွာက လိမ်မာတယ်လို့ ရေးကြတာတွေ ဖတ်ရတယ်။ ဘာလဲတော့ သေချာ မသိ။ ကာရန်ယူရေးကြတာလား။ အခုတော့ သိပါပြီ။
လိမ်မာကို လိမ္မာလို့လည်း ရေးပါတယ်။ ဘိုလို ဘယ်လိုရေးသလဲ။ မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ ရှစ်မျိုးရေးပြထားတယ်။ စကားတလုံးတည်းနဲ့ မလုံလောက်တဲ့သဘော။ မြန်မာလိုကလည်း အမျိုးမျိုးသုံးနိုင်တယ်။
စကားလိမ်မာ၊ လူလိမ်မာ၊ ကျွမ်းကျင်ရာလိမ်မာ၊ အလိမ်မာ စာမှာရှိ၊ ယဉ်ကျေးလိမ်မာ၊ လိမ်မာပါးနပ်၊ အလိမ္မာနဲ့ ချော့၊ လူလိမ်မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကား၊ ငပိလိမ်မာချက်ဆိုတာလည်း ကြားဖူးတယ်။ သေချာတော့ မသိ။
ယောက်မသည်ဟင်း၏ အရသာကိုမသိသကဲ့သို့ သူမိုက်သည် ပညာရှိအား အသက်ထက်ဆုံး ဆည်းကပ်ငြားသော်လည်း သူတော်ကောင်းတရားကို မသိချေ။ လျှာသည် ဟင်း၏အရသာကို သိသကဲ့သို့ လိမ်မာရေးခြား ရှိသူသည် ပညာရှိအား တခဏမျှ ဆည်းကပ်ရမူ သူတော်ကောင်းတရားကို လျင်မြန်စွာသိ၏။ (လောကနီတိ)
ဒေါက်တာတင့်ဆွေ
၂၂-၃-၂၀၁၉

Comments
Post a Comment