Soft Skills ဆော့ဖ်

ဆော့ဖ်စာလုံးအကြောင်း ဆေးကျောင်းသူငယ်ချင်းတယောက်က တင်လိုက်တာကို ကျန်သူငယ်ချင်းတွေက ကွန်မင့် ရေးကြတယ်။ သူငယ်ချင်းတွေဆိုတော့ တယောက်ကိုတယောက် ဘယ်သူကမှ ဆရာမလုပ်။ ရယ်စရာသာရေးကြတယ်။

ခေတ်ပေါ်အဘိဓါတ်တွေတော့ လှန်မနေ။ ယုဒသန်ကို လှန်တော့ သည်လိုရေးထားတယ်။

ပျော့သော၊ နူးညံ့သိမ်မွေ့သော၊ ဖြည်းညှင်းသော၊ နုသော၊ သာယာသော၊ ချိုသော၊ ကြင်နာတတ်သော၊ ဖြည်းညှင်းသော အသံရှိသော တဲ့။

သူငယ်ချင်းတွေဆိုတာ -
ပျော့သော်လည်း နူးညံ့၏။
နုသော်လည်း ချို၏။
ဖြည်းညှင်းသော်လည်း ကြင်နာတတ်၏။
တချို့သူငယ်ချင်းတွေမှာ (ကျွန်တော်မပါ) သာယာသောအသံရှိ၏။

နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ