An Old Photo လူဟောင်းတယောက်၏ အဟောင်းလေးတခု

ကိုယ့်ကိုယ်ကို မဲပေးခဲ့ဖူးတယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ။ တူတော်မောင်တယောက်ကနေ ပို့တဲ့ပုံ။ အဲလိုဓါတ်ပုံရှိမှန်း မသိပါ။ ကျေးဇူး။

လူတိုင်းမှာ သမိုင်းကိုယ်စီရှိကြတယ်။ ကိုယ့်သမိုင်းကို ကိုယ်တိုင် မမှတ်မိတာမျိုးလည်း ရှိတယ်။ တကယ်မလုပ်တာကို လုပ်ခဲ့တယ်လို့ ပြောတဲ့သူမျိုးလည်းရှိတယ်။

လူတဦးကို အကဲဖြတ်တယ်ဆိုတာ အတော်ကြီးသတိထားရတယ်။ ဓါတ်ပုံလေးတပုံကြည့်ပြီး ကောင်းဟဲ့ ဆိုးဟဲ့လို့ ခပ်လွယ်လွယ် ကောက်ချက်ချတာ မသင့်ပါ။ ကနေ့လုပ်နေတာ တခုလောက်ကြည့်ပြီးပြောတာလည်း မမှန်တတ်ပါ။

ကျွန်တော်က အဟောင်းတွေကို ကောင်းကောင်း ဆိုးဆိုး အတော်များများ မမေ့တတ်ပါ။ မြန်မာစာသတ်ပုံရော နိုင်ငံရေးသတ်ပုံပါ မှားနေရင် သိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၈
Min Tun ကျေးဇူး။

Comments