No alcohol safe to drink အရက်ဆိုတာ ဘယ်လိုမှ စိတ်မချရ

၂၄-၈-၂ဝ၁၈ နေ့ထွက် သုတေသနသတင်းဖြစ်ပါတယ်။ တကမ္ဘာလုံးကိုလေ့လာပြီးမှ ထုတ်ပြန်တာဖြစ်ပါတယ်။ ဝိုင်တနေ့ တခွက်သောက်တာလည်း ကျန်းမာရေးအတွက် အန္တရာယ်မကင်းပါတဲ့။ အရက်ဘယ်လောက်နည်းနည်းသောက်တာ စိတ်ချရသလဲ။ မရှိပါတဲ့။

ကင်ဆာနဲ့ တခြားရောဂါတွေရနိုင်ခြင်းဟာ ဝိုင်သောက်လို့ နှလုံးရောဂါကို ကာကွယ်ရာကျနိုင်တယ် ဆိုတာထက် ရောဂါရစေမှာက အလေးသာတယ်။

၁၉၅ နိုင်ငံမှာ ၁၉၉ဝ ကနေ ၂ဝ၁၆ ခုအထိလေ့လာခဲ့တာဖြစ်တယ်။ အသက် ၁၅ နှစ်ကနေ ၉၅ နှစ်အထိပါတယ်။ ယောက်ျားတွေရော မိန်းမတွေပါပါတယ်။

တွေ့ရှိချက်အရ အရက်မသောက်သူပေါင်း တသိန်းထဲက ၁၉၄ ယောက်မှာ အရက်နဲ့ဆက်စပ်မှုစာရင်းဝင် ကင်ဆာနဲ့ ထိခိုက်ဒဏ်ရတွေရကြတယ်။ အရက်တနေ့တွက်သောက်သူပါထည့်တွက်ရင် အဲဒီစာရင်းမှာ လူ ၄ ယောက်ပိုလာတယ်။

တနေ့ ၂ ခွက်သောက်သူတွေဆိုရင် ၆၃ ယောက်ပိုလာတယ်။ တနေ့ ၅ ခွက်သောက်သူဆိုရင် ၃၃၈ ယောက်ပိုလာတယ်။ အသက်သေဆုံးနိုင်တာပါဖြစ်တယ်။

အရက်တခွက်ဆိုတာ အယ်လ်ကိုဟော10g ပါတယ်။ ဝိုင်တခွက်၊ ဘီယာတပုလင်း။
ဗြိတိန်နိုင်ငံရဲ့စံနှုန်း
Large glass of wine - 3 units
Pint of higher-strength lager or beer - 3 units
Standard glass of wine - 2 units
Pint of lower-strength lager or beer - 2 units
Bottle of lager or beer - 1.7 units
Single shot of spirits - 1 unit

ပုံတခုက ယောက်ျားတွေ အရက်သောက်အများဆုံးနိုင်ငံ ၁၀ ခုနဲ့ နောက်တခုမှာ မိန်းမအရက်သောက်အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ သုတေသနလုပ်တဲ့နိုင်ငံထဲပါ မပါ မသိပါ။ တလောက အရက်မသောက်ရင် အသက်တိုတယ်လို့ ရေးတာတခုကို လူပေါင်းများစွာက တင်ကြ ရှယ်ကြတယ်။ ရီစရာလုပ်ဇာတ်ပုံပြင်တွေကို တင်ကြ ရှယ်ကြတယ်။

သုတေသနဆိုတာ တယောက်စ နှစ်ယောက်နဲ့ မရ။ တနေရာ နှစ်နေရာနဲ့ မရ။ ဒီအချက်အလက်တွေကို အထင်ကရ သိက္ခာရှိတဲ့ဆေးပညာဂျာနယ် Lancet ကနေ အတည်ပြုချက်ပေးလိုက်တာဖြစ်ပါတယ်။

အရက်ကုမ္ပဏီတွေကနေ ပိုက်ဆံပေးခိုင်းတဲ့ သတင်းသမားတွေ ဆရာဝန်တွေက အရက်ကောင်းတာရှာပြီး ကြံဖန် ရေးကြတယ်။ အရက်ဝိုင်းမှာ အရက်ကောင်းကြောင်းတွေ ပြောကြတယ်။ ဆေးရုံတွေမှာတော့ မပြောကြပါ။ ဈာပနတွေမှာလည်း မပြောကြတော့ပါ။ ကျန်ရစ်သူ မိသားစုဝင်တွေကတော့ ဆရာဝန်တွေလိုသိကြတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး