သည်ရင်း

ဆရာ မြင်စိုင်းရွှေပြည် ကဗျာမှာ ဟုတ်တည်း သည်ရင်း သည်ရင်း လို့ပါတယ်။ အဲဒီသည်ရင်းကို သူတို့က မယားလို့ အနက်ဖွင့်တယ်။ ဒီနှစ်ကျမှ ဖွင့်တာဆရာ။ ပေါရာဏလို့ သူတိုပြထားတယ်။ အဲဒါလေ ဝေဖန်ပေးပါဦးဆရာ။ ကျေးဇူးပါ။

သည်ပင် = သည်မျိုး = သည်ရင်း = သည်ရန် = သည်လျာ = စည်တောင်း = မယား-လင် (သယ်သံထွက်)။
သည်ရင် = ဆွေးသည်၊ မယား-လင်

မင်စိုင်းရွှေပြည် ကာချင်း

တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော
ဟုတ်တည်း ရှင်ချင်း ရှင်ချင်း။
ဟုတ်တည်း ဆွေရင်း ဆွေရင်း။
ဟုတ်တည်း သည်ရင်း သည်ရင်း။

မြင်စိုင်းဟူသည်၊ ရွှေပြည် ရွှေပြည်။

မြင်စိုင်းရွှေမြေ ပန်းသင်းခွေ
ပင်ခြေချုံထက်နွယ်၊ ချုံထက်နွယ်။

တောင်လေရှုန်းရှုန်း၊ မိုးခတ်အုန်း
ကင်းပုန်းပွင့်ချီချယ်၊ ပွင့်ချီချယ်။

နွယ်ပန်းခွာညို၊ ပွင့်ပေလို
ပြာသိုဆောင်းလလယ်၊ ဆောင်းလလယ်။

တောင်ထွက်ဖျားဆီ၊ ရွှေစာတီ
သရီရ ဓာတ်စွယ်၊ ဓာတ်စွယ်။

ယာဆီမြေကောင်း၊ ကျသည့်ပြောင်း
မနှောင်းမှည့်ဆောလွယ်၊ မှည့်ဆောလွယ်။

ခါနှင့် ဘုတ်ချိုး၊ ကြက်တောမျိုး
လိုစိုးကျက်မြေကျယ်၊ ကျက်မြေကျယ်။

ယှဉ်ဖော်မဝေး၊ ဖော်ရွှေကျေး
စာနွေးစားလိုဖွယ်၊ စားလိုဖွယ်။

ယရည်းသွန်းသွန်း၊ မြင်းသည်ဝန်း
လှံချွန်းတွန်းတက်ပယ်၊ တွန်းတက်ပယ်။

စောလူးစီးတန်၊ မျိုးဆဒ္ဒန်
လျင်ထန်မြင့်မဆွယ်၊ မြင့်မဆွယ်။

မြှောက်စည်လတီး၊ ဝင်ခါနီး
စောထီးနန်းထက်ကျယ်၊ နန်းထက်ကျယ်။

သာသည်မြေပြင်၊ စောနက်ရှင်
နန်းခွင် ရှုတင့်တယ်၊ ရှုတင့်တယ်။
အထူးလော၊ တက်တိမ်လော၊ နေရောင်လော။ (ငါးစီးရှင်ကျော်စွာ)

သည်
ကုန်သည် (ဿယ်သံထွက်)
ကချေသည် (ဿယ်သံထွက်)
လက်သည် (သယ်သံထွက်)
လာသွားသည် (ဿီသံထွက်)
သည်ကိစ္စ
သည်ထန်မင်း
သည်ပိုးရွက်ဆောင်သည် (သယ်သံထွက်)
သည်မိုး သည်လေ သည်လူတွေ (ဿီသံထွက်)
သည်မိုဃ်း (ယခင်သုံး)
သည်ဝါသံခံ = မင်းစေလုလင်
သည်အမှု (ဿီသံထွက်)
သည်အလုပ်
သည်အကြောင်းအရာ (ဿီသံထွက်)
သည်ဆောင်းဟေမန် (ဿီသံထွက်)
သဘင်သည် (ဿယ်သံထွက်)
အဆိုသည် (အဆိုတော်) (ဿယ်သံထွက်)
အလုပ်သည်
အသည်ငယ်
အသည်ကြီး
အသည်ဝန်ကြီး (သယ်သံထွက်)
အသည်အဝါ
အပြောသည်
ဧည့်သည် (ဿယ်သံထွက်)
ဈေးသည် (ဿယ်သံထွက်)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး