SOL Liver အသည်းအကျိတ်

အသက် ၆၁၊ မ (ဇနီး)၊ ဆီးချို/သွေးတိုး ရှိ၊ ဆီးချိုနှင့် အထွေထွေ အထူးကုနှင့် တလတကြိမ် ပြလျက်ရှိ၊ သောက်ဆေး metformin dank တနေ့ ၂ ကြိမ်၊ amlosun 5၊ HIV, HBs နှင့်HCV မရှိပါ၊ fatty liver ရှိပါတယ်၊ အခု အသည်းမှာ အကျိတ် (7.2cm × 8.2cm) တွေ့လို့ပါ ဆရာ၊ အသည်းအထူးကုက ခွဲစိတ်မှာလား၊ ဆေးဖျန်းမှာလားဆိုတာကို လူနာရှင်ဘက်ကို ဆုံးဖြတ်ခိုင်းတော့ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေရပါတယ်။ ဇနီးက ကိုယ်အလေးချိန်ကျခြင်း၊ ဖျားခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ အစားအသောက် ပျက်ခြင်းတွေလည်း မရှိပါဘူး။ ဇနီးထက်ဆိုးတဲ့ လူနာတွေ အများကြီးဆိုတော့ ကျွန်တော်တို့ကို ရှင်းပြချိန် နည်းပုံရပါတယ်။ ဒါကြောင့်မို့လို့ ဆရာဆီကိုဘဲ အားကိုးတကြီးနဲ့ စာရေးမေးမြန်းလိုက်ရပါတယ်၊ အကျိုး အပြစ်များ ရှင်းပြပေးစေချင်ပါတယ် ဆရာခင်ဗျား။ CT မှတ်ချက်၊ ultra sound မှတ်ချက် နဲ့ သွေးစစ်ချက်များကို အောက်မှာ ပို့ပေး ထားပါတယ်ခင်ဗျား။

SOL Liver ဆိုတာ အာလ်ထွာဆောင်းမှတ်ချက်မှာ ရေးလေ့ရှိတယ်။ နေရာယူထားတဲ့ အကျိတ်လို့ဆိုလိုတယ်။

ယူအက်အေမှာ လေ့လာမှုတွေလုပ်တယ်။ Cirrhosis ခေါ် အသည်းခြောက်နေသူ ၄၄ ယောက်မှာ Space-occupying lesion ခေါ် SOL တွေ့တော့ အသားစဖြတ်ယူစစ်ဆေးတယ်။ လူနာ ၂၆ ယောက်မှာ Hepatocellular carcinoma ခေါ် အသည်းကင်ဆာတွေ့တယ်။ ၂၃ ယောက်မှာ Tumor သို့မဟုတ် Dysplasia ခေါ်တာမတွေ့ရပါ။ ၅ ယောက်မှာ Liver cell dysplasia သာတွေ့ပြီး ကင်ဆာမတွေ့ရ။ အဲဒီ ၅ ယောက်ဟာ နောင်မှာ ကင်ဆာဖြစ်လာကြတယ်။
False-negative ခေါ် မှားပြီး ကင်ဆာမတွေ့သူ ၅ ယောက်ရှိတယ်။
အဲတာကြောင်း US-assisted liver biopsy ခေါ် အသားစဖြတ်ယူစစ်ဆေးနည်းရဲ့တိကျမှုဟာ 72% ကနေ 86% ရှိတယ်။

Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း http://doctortintswe.blogspot.com/2014/10/fatty-liver-disease-fld.html
Liver cancer early detection အသည်းကင်ဆာ စောစောဘယ်လိုသိနိုင်သလဲ http://doctortintswe.blogspot.com/2014/11/liver-cancer-early-detection.html
Liver cancer အသည်းကင်ဆာ http://doctortintswe.blogspot.com/2015/05/liver-cancer.html

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး