Miss Brain မပျော့စိခင်ဗျာ နှစ်ခါနာ

ဦးခေါင်းဒဏ်ရာ ရှေးဦးသူနာပြုစုခြင်းအောက်မှာ ကွန်မင့်တခုရေးတယ်။ မြှားနီရဲ့ ဆိုလိုရင်းကို ရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ။ လေးစားစွာဖြင့်

အတော်များများမှားတဲ့သတ်ပုံတခုဖြစ်တယ်။ (မြား) လို့ရေးရတယ်။ မျှား

ခေါင်းကိုထိခိုက်တယ်ဆိုရင် ဆိုပါစို့ နဖူးဖက်ကနေထိခိုက်မိမယ်။ အမာစား ဦခေါင်းအခွံထဲက အပျော့စားဦးနှောက်ဟာ နဖူးမှာ တချက်နာမယ်။ နောက် ဦးနှောက်ကို နောက်ဖက်ဆီ ရွေ့စေရာကနေ နောက်စေ့ဖက်က အမာစားနဲ့ ဒုတိယမ္ပိ တခါထပ်ညားလို့ မပျော့စိခင်မြာ နှစ်ခါနာဖြစ်ရရှာတယ်။

မြား
ကိစ္စမြားမြောင် လူတို့ဘောင်။
ဆတ်းမြား = ကြမ်းတမ်းသည်
ထမ်းမြားလက်ထပ်မင်္ဂလာ။
ပတ္တမြား။
ယမြား = ပိတ်ကိုဗူးစည်းပြု၍ဆွဲသောအရာ (ယများ)
မြားနတ်မောင်။
မြားသွား = မြှား
မြားသွားချွန်ပါစေ။
မြားမြောင်လှစွာ
မြားနှင့်ပစ်သည်
အမြောက်အမြား
လေးမြားအတတ်။

မျှား
ငါးမျှားတံ။
ငါးမျှားသည်။
မျှား၍ခေါ်သည်။

မြှား
ထုပ်လျှောက်ဒိုင်းမြှား (အိမ်)။

လူအမည်ကိုတော့ သဘောကျရေးနိုင်တယ်။ ဥပမာ ဒဂုန်ရွှေမျှား။ သတ်ပုံအရ လေးနှင့်မြား။

ကျွန်တော်လည်း အမှားများသူဖြစ်ပါတယ်။ အဲတာကိုရေးစဉ်က ပျော့ နဲ့ ပြော့ မှားခဲ့တယ်။ မှားမှန်းသိရင် ပြင်တဲ့အကျင့်က ကောင်းတယ်။ ခင်ဗျာလို့ ရေးပြီး ခင်မြာလို့ဖတ်ရပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ