တခု တကောင် တယောက် အမှန်ပါလားဆရာ

ငယ်ငယ်သင်ယူခဲ့တာတွေ အတော်များများ အသက်ကြီးတဲ့အထိ မမေ့တတ်ပါ။ လေးတန်းအောင်တော့ အေ = တခု၊ တကောင်၊ တယောက်လို့ အော်ပြီးအလွတ်ကျက်ခဲ့ရတယ်။ လက်တာရိုက်တင်းသင်တော့ တူ = သို့၊ စီ/အို = မှတဆင့်၊ တဆင့်လို့ မှတ်ရတယ်။

အခုတလော ရေးနေကြတာ မှတစ်ဆင့်တဲ့။ ဘယ်လိုဆရာဆရာမတွေက သင့်ပေးသလဲမသိ။

သက်သေပြစရာ ပဉ္စမတန်းစာအုပ်တော့ ရှာမရနိုင်တော့ပါ။ ယုဒသန် ခေါ် ဂျပ်ဆင် အင်္ဂလိတ်မြမ္မာ အဘိဓာန်ကိုသာ ဓါတ်ပုံရိုက်ပြပါမယ်။

အေ = တစ်၊ တခု၊ တစုံတခု။ တစ်ဆိုတာ တစ်ဂဏန်း။

ရေတွက်လို့ရရင် တစ်လို့သင်တာ မမှန်။ ဂဏန်းဆိုရင် တစ်။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၈

ယုဒသန် အဘိဓာန်

ဂျပ်ဆင် အင်္ဂလိတ်မြမ္မာ အဘိဓာန်ကိုသာ ဓါတ်ပုံရိုက်ပြပါမယ်။

Once တခါ၊ တခါတည်း၊ အရင်တခါ၊ တရံရောအခါ၊ တချက်တည်း။

One တစ်၊ မျက်စိတဖက်သာရှိသော၊ တဖက်သို့ ငဲ့ကွက်တတ်သော။

Oneness တခုတည်းဖြစ်ခြင်း၊ တလုံးတဝတည်းဖြစ်ခြင်း။

Only တ (ခု) တည်း၊ တ (ယောက်) တည်း၊

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး