Openness ပွင့်လင်းမှုဆိုတာ ကိုယ်တုံးလုံးနေတာမဟုတ်ပါ

ဆရာဝန်တွေ အချင်းချင်းဆွေးနွေးနေကြတယ်။ ဆေးလောကနဲ့ ကျန်းမာရေးနယ်ပယ်က အဆင်မသင့်တာတွေကို ဘယ်နေရာမျိုးမှာ ဆွေးနွေးသင့်ကြသလဲဆိုတာပါ။ အပြန်အလှန် အမြင်တွေ ဖလှယ်နေကြတယ်။ ကောင်းပါတယ်။

ကျွန်တော်လည်း နည်းနည်းလေး ရေးလိုက်ပါသေးတယ်။ စကားခြောက်ခွန်း လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းလွယ်။ ဒါပေမဲ့ဗျာ တခွန်းခွဲသာ ပြောသင့်ပါတယ်လို့။

ရင်ဖွင့်ချင်ရင် တံခါးပိတ်တဲ့။ အိမ်ပြင်ကအမှိုက် အိမ်ထဲယူမလာနဲ့။ အိမ်ထဲကအမှိုက် အပြင်မထုတ်နဲ့။ တချို့နေရာတွေမှာ စည်းသုံးတန်ကာရတယ်။ ဒါတောင် မယ်သီတာဟာ ဘီလူးအခိုးခံရသေးပါတယ်လို့။

လွတ်လပ်ရေးဆိုတာ လမ်းဘေး ဆေးရိုးလှမ်းရတာမဟုတ်လို့ ဗိုလ်ချုပ်ကပြောခဲ့တယ်။ သတင်းလွတ်လပ်တယ်ဆိုပြီး ဖေ့စ်ဘွတ်မှာတော့ ကိုယ်တုံးလုံးတွေရှိတယ်။

ဇာတ်သမားတွေက ဇာတ်စဉ်မှာ ဇာတ်လမ်းအရသာပြောရတယ်။ လွတ်လပ်ခွင့်ကိုကြိုက်တဲ့ သိက္ခာထိန်းတဲ့ မီဒီယာသမားတွေက သူတို့သိတိုင်း သတင်းမပေးကြပါ။

ဒီမိုကရေစီတို့ အပြောင်းအလဲတို့ပြောပြီး ရိုင်းစိုင်တာ၊ ဆဲရေးတာ၊ သွားပုပ်လေလွှင့်ပြောတာ၊ အမှားတွေ အတုတွေရေးတာ ဝေတာ လုပ်နေကြတယ်။ ပုံတွေကလည်း ပြောမနေနဲ့တော့။

ကျွန်တော့်ကို အင်တာဗျူးလာလုပ်သူတွေ၊ ရီဆတ်ခ်ျလုပ်သူတွေက ရီကော့လုပ်လို့ရမလား မေးတယ်။ ရပါတယ်ဗျာ ကျွန်တော်လုပ်တဲ့ နိုင်ငံရေးမှာ စီးကရက်မရှိပါလို့ ပြောတတ်ပါတယ်။ တကယ်တော့ ဘယ်ဟုတ်မလဲဗျ။ သေတဲ့အထိ ဘယ်သူ့ကိုမှ မပြောမှာတွေ ရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၈-၂ဝ၁၄
၁၇-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး