The exiles ဇာတ်သိမ်းမလှတဲ့ ပြည်ပနိုင်ငံရေး

ပြည်ပနိုင်ငံရေးဇာတ်ခုံမှာ ဝါအရပြောရင် ကျွန်တော်တို့က အကြီးဆုံးမဟုတ်ပါ။ ကျောင်းသားတွေနောက်မှရောက်တဲ့၊ ၁၉၉ဝ အုပ်စုကဖြစ်ပါတယ်။ နောက်ရောက်တဲ့သူ နောက်ကတန်းစီရတဲ့ခေတ်မှာပါ။ ဒိနောက်ရောက်လာတဲ့ အုပ်စုတွေလည်း ရှိသေးတယ်။ ၁၉၉၆ အုပ်စု၊ ၂ဝဝ၇ အုပ်စု။

နောက်ဆုံးမှာ နိုင်ငံရေးနဲ့လားလားမှမဆိုင်ဘဲ ရောက်လာသူတွေကနေ ကြီးစိုးလာတယ်။ ဒီမိုကရေစီဓါတ်ပုံတွေထဲမှာတော့ ရှေ့ဆုံးတန်းကနေကြတယ်။ ယူအင်တို့ အင်ဂျီအိုတို့က အဲတာမျိုး အလွန်သဘောကျတယ်။ သူတို့ကို လူဟောင်းတချို့က နောက်လိုက်စုကြတယ်။

ဘာသာရေးခေါင်းစဉ်အောက်ရောက်ရင် နိုင်ငံရေးကို ခါးခါးသီးသီးရန်တွေ့ပြီး၊ နိုင်ငံရေးမှာနေရာပေးရင် ထိပ်ဆုံးက ရချင်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရတယ်။

နိုင်ငံရေးအုပ်စုထဲမှာကလည်း အမျိုးမျိုး။ အသက်မွေးမှု မတူတာ၊ ပညာရေးနဲ့ လေ့လာမှု မတူတာ၊ ရည်ရွယ်ရင်း မတူတာ၊ အဲတော့ အခြေအနေကို သုံးသပ်မှုမတူတာတွေရှိပါတယ်။ ဟီးရိုးလုပ်ချင်သူဆိုတာ တကယ်ပါတယ်။ အာဏာရှင်ကို အော်ကြီးဟစ်ကျယ် ဆန့်ကျင်ပြတဲ့သူတချို့ အာဏာရှင်ကအရေးမလုပ်တော့ ဘေးကလူတွေကို လိုက်တုတ်တယ်။

ကျောင်းသားအုပ်စုထဲမှာ အတွေ့အကြုံများလာတော့ တိုးတက်လာသိမြင်လာကြသူတွေ တချို့ရှိတယ်။ ချီးကျူးတယ်။ ကြီးမိုက်ဆိုတာလည်း တကယ်ရှိတယ်။ ဗီဇဥာဉ်ကို မပြင်နိုင်ကြပါ။ တချို့ကလည်း နေရာတကာမှာ ဗိုလ်လုပ်ချင်ကြတယ်။

ထောင်ကျသူတွေထဲမှာ ထောင်ချခံရတာကို ဆုတံဆိပ်လိုသဘောထားကြသူတွေရှိတယ်။ ပြည်ပထွက်ကြသူတွေထဲမှာ တချို့က သူတို့ကိုယ်သူတို့ တက္ကသီလာမှာ အဋ္ဌာရသပညာတွေ သင်ပြီးပြန်လာသလို အထင်ရောက်ကြတယ်။

ကျွန်တော်ကတော့ သင်ခန်းစာတွေ တလှေကြီးရလိုက်တယ်။ ဇာတ်သိမ်းမလှပါ။ တကောင်တလေလုပ်လို့ တလှေလုံးပုပ်ခံလိုက်ရရှာတယ်။ ဒီမိုကရေစီခေတ်ဦးမှာ ပြည်ပသမားတွေ အမှတ် ၄ဝ မရ။ ကျတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၅
၂၇-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ