Detoxing Scam ကိုယ်ထဲမှာ အဆိပ်တွေမရှိပါ

၁။ ဆရာခင်ဗျာ ကျွန်တော်အသက် ၃၅နှစ်ပါ ခုကျွန်တော်ဆီးကျောက်တည်နေလို့ ဆေးစားတာ ၂၅ ရက်ရှိပါပြီ ဆေးစစားပြီး ၁ပါတ်လောက်ကတည်းက ပက်လက်လှန်အိပ်တဲ့အချိန်ထထိုင်တဲ့အချိန်တွေမှာ ခေါင်းမူးလို့ပါဆရာ

ဆီးလမ်းအထူးကုဆရာဝန်ကညွှန်တာ ဟုတ် မဟုတ် မသိ။ ဆေးအမည် မသိ။

၂။ အသက် ၂၅ ကျား အပေါ်သွားအခေါင်းပေါက်ဖြစ်ပီးသွားကိုက်နေသောကြောင့် သွားအကြောသတ်ခြငိးဖြင့်ကုပါမည် သွားကို အကြောသတ်ကုသခြင်း ၏ ဆိုးကျိုးနှင့်ကောင်းကျိုးများသိချင်ပါသည် အပေါ်သွားဖြစ်သောကြောင့်မည်သည့် side effect များဖြစ်နိုင်ပါသလဲ

သွားကို အကြောသတ်ကုသခြင်းဆိုတာ မကြားဖူး။ သွားအထူးကုဆရာဝန်ကလုပ်ပေးတာ ဟုတ် မဟုတ် မသိ။

၃။ ဆရာရှင့် ကျွန်မအသက် ၂၇ပါ။ သားလေးကအခု ၅လပြည့်ပြီးပါပြီရှင့် ။ မိခင်ခန္ဓာကိုယ်ထိန်းရန် detoxing လုပ်ခြင်းသည် ကလေးကျန်းမာရေးနဲ့အာဟာရအတွက် ထိခိုက်နိုင်ပါသလားရှင့်။ ပိန်ဆေးတွေသုံးစွဲရင်လည်း ကလေးအပေါ် ဘယ်လိုသက်ရောက်နိုင်မလဲရှင့်။ သားလေးကအခုထိမိခင်နို့တမျိုးတည်းစို့ပါတယ်။ အခုတလော ဘယ်ဘက်ကိုမစို့တော့ဘဲညာဘက်ချည်းစို့နေပါတယ်။ ပုံမှန်စို့နေကျအတိုင်းစို့ပေမယ့် သူ့အတွက်အာဟာရနည်းနိုင်သလား ဘယ်လိုမျိုးပြုပြင်လျှင် ဘယ်ဘက်ကိုပါပြန်စို့နိုင်သလဲရှင့်။ သားလေးနို့တဘက်တည်းစို့တာကြောင့် မိခင်ကရော ဘာတွေ ဖြစ်လာနိုင်လည်းရှင့်။ ဆရာ့ဆီခဏခဏမေးရတာများမှာစိုးလို့တစ်ခါတည်းစုမေးခြင်းဖြစ်ပါတယ်ဆရာ။ ကျေဇူးပြု၍ ဆရာအချိန်ရရင် ဖြေပေးစေချင်ပါတယ်ရှင့်။ ကျေးဇူးတင်စွာဖြင့်

ကလေးက ဝအောင်စို့ပါမယ်။ တဘက်တည်းလည်းရ။ မစို့တဲ့ဘက်က နို့ထွက်နည်းလာနိုင်။ ကြိုးစားတိုက်ကြည့်ပါ။

ပိန်ဆေးတွေ detoxing ခေါ် အဆိပ်ထုတ်ဆေးတွေဆိုတာ ကြောငြာဆေးတွေသာဖြစ်တယ်။ အသိအမှတ်ပြု ပိန်ဆေးစာတွေ ဘလော့မှာဖတ်နိုင်တယ်။

1. Baschi Pink Quick Slimming ပိန်ဆေးကြော်ငြာ https://doctortintswe.blogspot.com/2015/03/baschi-pink-quick-slimming.html
2. Baschi ပိန်ဆေး ဆက်ရေးခြင်း https://doctortintswe.blogspot.com/2017/05/baschi.html
3. Common ပိန်ဆေးတဲ့ နောက်တမျိုး https://doctortintswe.blogspot.com/2017/12/common.html
4. Crash diets ပိန်စာ http://doctortintswe.blogspot.com/2014/11/crash-diets.html
5. Fat and Thin ဝချင်သူ ပိန်ချင်သူ အတူတူ https://doctortintswe.blogspot.com/2017/08/fat-and-thin.html
6. Low-fat diets for weight loss အဆီနည်းအစာနဲ့ ဝိတ်လျှော့ခြင်း https://doctortintswe.blogspot.com/2017/08/low-fat-diets-for-weight-loss.html
7. Orlistat ပိန်ဆေး https://doctortintswe.blogspot.com/2015/10/orlistat.html
8. Weight gain လှယုံမက ဝချင်သေးပါလျှင် http://doctortintswe.blogspot.com/2014/11/weight-gain.html
9. Weight loss pills are dangerous ပိန်ဆေးတွေအန္တရာယ် http://doctortintswe.blogspot.com/2015/04/weight-loss-pills-are-dangerous.html
10. Weight loss ပိန်ချင်သလား https://doctortintswe.blogspot.com/2014/11/weight-loss.html
11. Xenical ဇန်နီကယ် http://doctortintswe.blogspot.com/2015/06/xenical.html

The Detox Scam လူကြီးမင်းကိုယ်ထဲမှာ အဆိပ်တွေရှိနေသတဲ့ https://doctortintswe.blogspot.com/2016/05/detox-water.html

Detox နဲ့ Cleanse နာမည်တွေနဲ့ ရောင်းကြတယ်။ နိဂုံးချုပ်ရရင် Cleansing your wallet of cash ပိုက်ဆံအိတ်တော့ ပြောင်ပါမယ်။

ကျွန်တော့်ကို အဲလိုကြော်ငြာဆေးတွေမေးတိုင်း စိတ်မှာမပျော်ပါ။ လွဲမှားနေတာကိုဖြေရှင်းပေးရလို့တော့ အကျိုးရှိစေမှာမို့ ကျေနပ်မိပါတယ်။ ဒါပေမယ့် အဲလိုဟာတွေနဲ့ စီးပွါးရှာနေသူတွေရဲ့ အကျိုးစီးပွါးကိုထိခိုက်စေမှာမို့ စိတ်မကောင်းပါ။ အများကြီးတော့ စိတ်မကောင်းမဖြစ်ပါ။ ကြော်ငြာဖြစ်ပါတယ်ပြောပြော၊ ဘယ်လိုပြောပြော သူတို့ကြိုက်ရင် မျက်စိမှိတ် လိုက်ဝယ်သူကမရှားပါ။ စာဖတ်သူရဲ့ကိုယ်ထဲမှာ အဆိပ်တွေမရှိပါ။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး