တကိုယ်တော်

ကျွန်တော်တို့ပညာသင်ခဲ့ရစဉ်က မြန်မာစာကို သတ်ပုံမှန်နဲ့သာသင်ကြားတယ်။ ထုတ်သမျှစာအုပ်တွေကလည်း သတ်ပုံမှန်တယ်။

ကျွန်တော်နိုင်ငံရေးထဲရောက်သွားတော့ သတ်ပုံတွေတမျိုးတမည်ဖြစ်ကုန်တယ်။ မြန်မာစာ နိုင်ငံရေးလုပ်ခံလိုက်ရရှာတယ်။ မြန်မာစာ ဒီမိုကရေစီရပါစေသတည်း။

ဒေါက်တာတင့်ဆွေ

မာလကာသီးတလုံး

စားကောင်းသော မာလကာသီးသည် တစ်လုံး မဟုတ်။

ဒေါက်တာတင့်ဆွေ

ကုသိုလ် ဘယ်လိုရ

ပို့စ်တခုကို ရှယ်ထားတာတွေ့တယ်။ ဓမ္မ တေးသီချင်း တွေပါ ဒီလိုတေးချင်းတေခြာရတာမလွယ်ဘူး အတော်ခက်တယ် တင်တဲ့သူတေအတော်နည်းတာဗျ တဲ့။

ဒါက နမူနာ။ အဲလိုပဲ တရားစာ ဆုတောင်းစာဆိုပြီးတင်ကြတာ၊ အတော်များများက သတ်ပုံတွေ မမှန်ပါ။ တရားစာတွေမှာ သတ်ပုံမှား သဒ္ဒါမမှန်ရင် ကုသိုလ် ဘယ်လိုရ မသိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်