လှလွန်းဆွေ နှင့် တင့်လှပေဟန်

ရှင်မဟာရဋ္ဌသာရရေးသားခဲ့တဲ့ ဧကပိုဒ် ရတု
မြတ်မျိုးမြင့်မှန်၊ ကြင်ပေတန်၍၊ ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား၊ နတ်နှင့်နှုန်းနှုန်း၊ ဝင်းငြိမ့်ရွှန်း၍၊ လှလွန်းလွန်းလှည့်၊ ငါးကြန်ပြည့်ကို၊ ဖျော်ဖြည့်ဖြေဖျောက်၊ ကြိမ်ကြိမ်လျှောက်လည်း၊ ပြစ်ပျောက်ပျို့ပျို့၊ ဖြူမြိတ်စို့နှင့်၊ သူသို့သွေသည်၊ ဟုတ်မည်မှန်းဘွယ်၊ ဝမ်းဝယ်ဝိုးဝါး၊ စိတ်လွင့်ပါး၍၊ ကြိုးကြားကြံကာ၊ ဂိမှာသန်ဆောင်၊ ချောင်းချောင်းခခ၊ ကာလရှည်ဖင့်၊ မျိုးမြတ်မြင့်သည်၊ လွမ်းလင့်လွန်လှည့်လေလိမ့်လော။

နတ်သျှင်နောင်ရေးသားခဲ့တဲ့ ရာဇဓါတုကလျာဖွဲ့ ရတု
တင့်လှပေဟန်၊ ဖက်မဲ့ရန်တည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့၊ ပြာပြာလတ်လတ်၊ မွတ်မွတ်ညက်ညက်၊ ရွှန်းရွှန်းစက်မျှ၊ ဝင်းလက်ရောင်ရွှေ၊ အခေါင်ပေတည့်၊ တောင်နေနတ်ဟန်၊ မြတ်သစ်ကြန်နှင့်၊ ပန်းမှန်ရေးချ၊ ထုံးနေမကျော၊ ပန်းရောဆံကြာ၊ ချတိုင်းသာလျှင်၊ ရွှေဝါဖိတ်ရွှင်း၊ ထည်ချင်းစံပယ်၊ နံ့ကြွယ်လှိုင်ကြူ၊ မဉ္ဇူမျက်မည်း၊ ပေါ်ထပ်စည်းနှင့်၊ မရည်းမထင်၊ ဖြုတ်ချည်းမြင်က၊ နတ်ပင်ယိုးမှား၊ ဝိုးဝါးတွေးချွတ်၊ စိတ်လုံးညွတ်သည်၊ ဘုံထွတ် နန်းတောင် နေတို့လော။

စာသားကွဲလွဲချက်တွေ့ရင် ပြင်ပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး