အဲလိုလုပ်တာ ပလီတာ

ငယ်သူငယ်ချင်းတယောက်က တင်ထားတယ်။ မြန်မာစာသတ်ပုံစာ။ သူနဲ့ကျွန်တော်က ဆရာတူတပည့်တွေ။ မုံရွာ အထက (၂) မှာ ဆရာ ဘုတလင်ချစ်လေးက မြန်မာစာသင်ပေးပါတယ်။

သူကဥပဒေပညာသင်ယူခဲ့သူ။ သူဆက်ရေးတာက မှတ်မှတ်ရရလေ့လာကြည့်တဲ့အခါ၁၉၈၁ ခုနှစ်ထိ ထုတ်ဝေခဲ့တဲ့ ဥပဒေစာအုပ်များမှာ (တစ်)မသုံး၊ (တ)ကိုပဲ သုံးခဲ့ကြပါတယ်။ ၁၉၈၂ခုနှစ်ကစပြီး(တစ်) တွေပြောင်းသုံးခဲ့ကြတာ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဆေးပညာသင်ခဲ့တဲ့ကျွန်တော်က တအသုံးတွေနဲ့ တစ်အသုံးတွေကို လေ့လာပြုစုနေတာ အတော်ကြာလို့ သက်သေခံပစ္စည်းတွေ တနေ့တခြားများများလာတယ်။

တစ် အသုံးမှန်များ
ဆင်ပြောင်ကြီး အမြီးမှတစ်၊ တစ်ငှက်၊ တစ်ဆို့၊ တစ်တစ်ခွခွ၊ တစ်တစ်ရစ်ရစ်၊ တစ်တရားခံ၊ တစ်တီတူး၊ (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊ တစ်ရှူး (ဆဲလ် အစုအဝေး)၊ တစ်ရှူး (သန့်ရှင်းရေးသုံး စက္ကူ)၊ တစ်လစ်၊ တစ်နှစ် စာကိုချစ်၊ တစ်-နှစ်-သုံး၊ တစ္ဆေမှင်စာ၊ ပြူတစ်၊ ရင်ထဲမှာတော့ တစ်ဆို့ဆို့၊ သားငါး တုံးတစ်သည်၊ သားတစ် ငါးတစ်။


ကျန်တဲ့ (တ) တွေတိုင်းမှာ စသတ်ပါ။ တတွေကို မလိုအပ်ပဲ စသတ်ထည့်တာ မလုပ်သင့်ပါ။ အဲလိုလုပ်တာ ပလီတာ။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၈
Aung Myin Tun ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး