ဆင်ပိန်ကျွဲ

အမှားအယွင်းပါရင်ခွင့်လွှတ်ပါ။ ဒီတခါမေးချင်တာက မြန်မာစာ မြန်မာစကားနဲ့ ပတ်သက်တာလေးတခု မရှင်းလို့ပါဆရာ။ ဆင်ပိန် ကျွဲလောက် တော့ကျန်တာပေါ့စကားက စီးပွါးရေးကျသွားသော်လည်း ကျန်သင့်သလောက်ကျန်သည်ဟု ပြောချင်သောအခါတွေမှာသုံးကြတာတော့ တွေ့ဖူးပါဆရာ။ ဒီစကားကို အရင်ကတော့ ဆင်လောက် body weight ပေါ့ အခု ပိန်သွားပေမည့် ကျွဲလောက်သာသာ တော့ရှိပါသေးတယ်ဟု ရီစရာအနေနဲ့ ပြောကြပေမည့် ဒီစကားပုံကို ဒီလိုနေရာမှာရော အသုံးပြုလို့ ရပါသလား၊ စီးပွါးရေးတခုတည်းကိုသာ သုံးရတာလား ရှင်းရှင်းလင်းလင်း သိချင်လို့ပါဆရာ။

ဆင်ပိန်ကျွဲ ဆိုစကားရှိတယ်။ အလေးချိန်ဆိုတာထက် အရွယ်အစား အကြီးအသေးကို နှိုင်းယှဉ်ပြောတာဖြစ်တယ်။ အရွယ်အစားဆိုရာမှာလည်း စီးပွါးရေးဖြစ်ဖြစ် ချမ်းသာမှုဖြစ်ဖြစ် ပြောလို့ရတယ်။ ရာထူးဂုဏ်ရှိန်ကိုလည်း ပြောလို့ရတယ်။ အရင်ကလောက် မချမ်းသာတော့ပေမဲ့ ချမ်းသာသူစာရင်းထဲမှာပါသေးတယ်။

ကိုယ်အလေးချိန်များလွန်းသူတွေ အလေးချိန်နည်းနည်းကျလာတာကိုလည်း ရီစရာသဘောပြာရင် မမှားလောက်လို့ ထင်ပါတယ်။

အထည်ကြီးပျက်စကားနဲ့ အတိအကျမဟုတ်ပေမဲ့ ခပ်ဆင်ဆင်။ သုံးမရတော့တာကိုညွှန်းတဲ့ နတ်အိုးကွဲနဲ့ မတူပါ။

ဒေါက်တာတင့်ဆွေ
၂၂-၈-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး