Cefixime တနေ့ တကြိမ်

ကျွန်တော်မိတ်ဆွေမိန်းကလေးတယောက် အသက်က ၂၆ပါ သူ့ရဲ့ကောင်လေးနဲ့ လွန်ခဲ့တဲ့ 7 လပိုင်း 31 ရက်နေ့မှာ့ ဖြစ်ခဲ့ကြတယ်ဆရာ အဲဒါအပြီးမှာ အရေးပေါ်တားဆေးတိုက်ခဲ့ပါတယ်တဲ့ ပြီးတော့ နောက်ရက်တွေမှာလဲ ခေါင်းမူး ပျို့အန်ချင်တာတွေဖြစ်ပါတယ်ဆရာ မနေ့က 11 ရက်နေ့တုန်းက ဆိုင်ကယ်စီးပြီး သင်တန်းသွားချိန်မှာ ဗိုက်က မခံမရပ်နိုင်အောင်အောင့်လာပါတယ်တဲ့ အဲဒါဘယ်လိုလုပ်သင့်သလဲဆိုတာကို ကျွန်တော့်ကိုလှမ်းပြီးတိုင်ပင်လို့ မေးခွင့်ပြုပါဆရာ ဆေးခန်းကိုဆရာဝန်နဲ့သွားပြဖို့လဲ သတ္တိမရှိလို့ပါတဲ့ဆရာ

ဆေးကြောင့်လား စဉ်းစားရ။ သေချာ မပြောနိုင်။ ဆရာဝန်ပြသင့်။

အရမ်းကြီိးစိုးရိမ်ရပါသလားဆရာ မဟုတ်ရင်ညနေမှာဆေးခန်းပြဖို့အတင်းတိုက်တွန်းမလို့ပါဆရာ အရင်တနေ့က ဆရာပြောသလိုဆေးခန်းသွားပြခဲ့ပါတယ်ဆရာ OG ကတော့ Ixime 400 တရက်တလုံး သောက်ခိုင်းပါတယ်ဆရာ အဲဒါဘာဆေးလဲဆိုတာသိပါစေခင်ဗျာ

ဖြစ်တဲ့အမျိုးသမီး ရာသီ မသိ။ ကိုယ်ဝန်ကြောင့်လည်း မူးချင် အန်ချင်ဖြစ်နိုင်တယ်။ ဆေးဘေးထွက်ဆိုးကျိုးကနေလည်း အဲလိုဖြစ်နိုင်တယ်။ အတူနေကိစ္ဓကြောင့် လိင်ကတဆင့်ပိုးဝင်တာလည်း စဉ်းစားရတယ်။

ပုံပါဆေးဟာ Cefixime ဟာ ပဋိဇီဝဆေးခေါ် ပိုးသေဆေးဖြစ်တယ်။ လိင်ကတဆင့်ကူးစက်တဲ့ ဂနိုးရီးယားနဲ့ တခြား ဗက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ရောဂါတွေအတွက်ပေးတယ်။ အာခေါင်ရောင်၊ အာသီးရောင်၊ ဆီးလမ်းပိုးဝင်၊ အသက်ရှူလမ်းရောင်၊ နားရောင်တာတွေအတွက်လည်း ပေးတယ်။

Cefixime ဘေးထွက်သက်ရောက်မှုများ = ဝမ်းပျက်၊ ဗိုက်နာ၊ ပျို့၊ အန်၊ ခေါင်းမူး၊ တက်။

လူကြီး Ixime 400 mg တနေ့ တကြိမ်။ ဘေးထွက်ဆိုးကျိုးသက်သာအောင် တဝက်ခွဲပြီး ၁၂ နာရီတကြိမ်လည်း ပေးနိုင်တယ်။ ဂနိုးရီးယားကြောင့် ဆီးလမ်းရောင်တာ၊ သားအိမ်ဝရောင်တာအတွက် တကြိမ်တည်းနဲ့ရတယ်။ အစာရှိရှိ မရှိရှိ သောက်နိုင်တယ်။

Streptococcus pyogenes ပိုးကြောင်းဖြစ်တာဆိုရင် အနည်းဆုံး ၁ဝ ရက်ကြာပေးတယ်။

ကလေး ၆ လအထက် 8 mg/kg/day ပေးတယ်။ 4 mg/kg ကို တနေ့ ၂ ကြိမ်ခွဲတိုက်နိုင်တယ်။ အသက် ၁၂ နှစ်အထက် လူကြီးလိုတိုက်နိုင်တယ်။

တနေ့ တကြိမ်ပေးတယ်။ တစ်နေ့ တစ်ကြိမ် မဟုတ်။ တကြိမ်တည်းနဲ့ပျောက်တာရှိတယ်။ တစ်ကြိမ်တည်း မဟုတ်။

ဒေါက်တာတင့်ဆွေ
၁၄-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး