ကျော့ နှင့် ကြော့

မင်္ဂလာပါ ဆရာရှင့်။ ကြော့ နဲ့ ကျော့ ဘယ်နေရာမှာ ဘယ်လိုသုံးလဲ သိချင်လို့ပါရှင့်။ သမီးလေးနာမည် ကျော့ကျော့ ပေးထားတာကို တချို့က ကြော့ကြော့ လို့ရေးနေလို့ အမှန်သိချင်လို့ပါရှင့်။ လေးစားလျက်။

ကျော့
ဆင်ကျော့ဖမ်း
ဆန်စသည်ကျော့ယူ
တပတ်ကျော့
တကျော့နှစ်ကျော့၊
ထပ်ကျော့သည်
ကျော့ကွင်း
ကျော့ချည်

ကြော့
ကြမ်းကြော့
လှပကြော့ရှင်း
လူပေါ်ကြော့
ကြော့ကြမ်း
ကြော့ရှင်း
ကြော့မော့

ကျော
နက်ကျော၊
မာကျော၊
သင်းကျောစင်ကြယ်၊
အကျောပေး ။
ကျောကုန်း
ကျောက်ကျောမုန့်၊
ကျောခိုင်း
ကျောချမ်း
ကျောပူခေါင်းပူ
ကျောရိုး
ကျောထောက်နောက်ခံ
သျှောင်ကျောထုံး၊

ကြော
ကမြင်းကြောထ၊
ကျဉ်ကြော၊
စကားကြောရှည်၊
စစ်ကြောမေးမြန်း၊
ဇက်ကြော၊
ဇမ္ဗူတကြော၊
ဇာတ်ကြောရှည်၊
ထန်းကြောဖျာ၊
နန့်ကြောဆွဲ၊
ပျင်းကြောဆွဲ၊
မျက်ကြောတင်း၊
မျက်နှာကြောမတည့်၊
ယာဉ်ကြော၊
လက်ကြောမတင်း၊
အပေါ်ယံကြော၊
အကြောမျက်၊
အကြောအခြင်၊
ဆေးဖော်ကြောဖက်၊
ဆေးကြော၊
တောင်ကြော၊
နောက်ကြောတက်၊
မြေကြောရှုံ့၊
ရေကြေ မြေကြော
ရေကြောမြေကြောလိုက်၊
သွေးကြောလေကြော၊
အော့ကြောလန်
နှီးကြောဖျာ၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး