စပ် စက် ဆက်

(ကန်တော့ပါ)

၁။ မ 35 yrs အနည်းငယ်အစက်ပါတာစားလျင် ပါးစောင်တွင်အဖုတွေပေါက်လာပြီးပေါက်ပြဲလာခြင့်း့

အစပ်လို့ရေးတာထင်တယ်။

၂။ ဆရာရှင့် မရိုမသေ သားဆက်ခြား ကျန်းမာရေး မေးပါရစေရှင့်။ ကျမ သားဆက်ခြားနည်လမ်းတခုထဲက သုံးလဆေးကို တခါထိုးပြီး ရပ်လိုက်ပါတယ်။ အခုဆို marvelon သုံးတာ ၄ရက်မြောက်ရှိပါပြီ။ သုံးလဆေးနဲ့marvelonပြောင်းသောက်တဲ့ ဆက်ကူးမက်ကူးကာလမှာ ရာသီသွေးမပေါ်သေးပါဆရာ။ Marvelonပဲ ဆက်တိုက်တိုက်သင့်ပါသလား။ ရာသီသွေး မပေါ်သေးခင် marvelon နေ့စဉ်သောက်ရင်း အမျိုးသားနှင့်ဆက်ဆံပါက ကိုယ်ဝန်ရသွားနိုင်ပါလားဆရာရှင့်။

မေးနည်းစည်းကမ်း ပို့ထားပြီး အချက်အလက်စုံ မပြောလိုသူများအတွက် ဘလော့လင့်လည်း ပေးထား။ စပ်ကူးမတ်ကူးလို့ ရေးရ။

၃။ ဆရာရှင့် ကျမအသက် ၃၈ ပါ။ အမျိုးသားနှင့်အတူနေတိုင့်း့ က အရမ်းပူစက်စက်ဖြစ်နေလို့။့ အမှားပါရင် တောင်းပန်ပါတယ်။

ပူစပ်စပ်လို့ ရေးရ။

၎။ ဆရာရှင့် ကျမအသက် ၃၈ ပါ။ အမျိုးသားနှင့်အတူနေတိုင့်း့ က အရမ်းပူစက်စက်ဖြစ်နေလို့။့ အမှားပါရင် တောင်းပန်ပါတယ်။

ပူစပ်စပ်လို့ရေးရတယ်။ စက်ဆိုတာ စက်ချုပ်သည်။ စက်ဆုပ်စရာကောင်းသည်။ စက်တန့် (ဆိုင်းနပ်စ်) ရောဂါ ပျောက်ခဲသည်။ စက်ပုန်းခုတ်နေသည်။ တစက်စက်ကျနေသည်။ စက်တင်ဘာလ၊ စက်ဘီး၊ စက္ကူ၊ စက္ကန့်၊ ဆီစက် မှာသာသုံးပါတယ်။

စပ်ကို ဒီလိုနေရာတွေမှာသုံးပါတယ်။ ရှေ့နဲ့နောက် ဆက်စပ်မှုရှိပါသလား။ စပ်ပူစပ်လောင်နေသည်။ စပ်ကျိန်းကျိန်းဖြစ်နေသည်။ စပ်ဖျဉ်းဖျဉ်းခံစားရသည်။ စပ်ဖြဲဖြဲလုပ်မနေပါနဲ့။ စပ်ရှိန်းပူရှိန်းနေသည်။ သည်မေးခွန်းနဲ့ စပ်လျဉ်းပြီးဖြေရန်မရှိပါ။ ကဗျာစပ်တော်သည်။ စပ်ကြား၊ စပ်ကြောင်း၊ စပ်ယှက်။ ဟိုစပ်စပ် သည်စပ်စပ်မလုပ်ပါနဲ့။ စပ်ကူးမပ်ကူး (အွန်လိုင်းသတ်ပုံကျမ်း)၊ စပ်ကူးမတ်ကူး (ငယ်ငယ်ကရေးနေကျ)၊ စပ်ကူးမကူး (စစ်အစိုးရခေတ်က ထုတ်ထားတဲ့ သတ်ပုံစာအုပ်)။ စပ်တဲ့ငရုပ်သီးကို စက်ထဲထည့် ထောင်း (ကြိတ်) ပါ။

၅။ စကားမစပ်နဲ့ စကားမဆက် ဘယ်ဟာအမှန်လည်းဆရာ။

စကားမစပ်ကသာ မှန်ပါတယ်။ ဆက်စပ်မှုမရှိပဲ တခြားအကြောင်းအရာတခုခုကိုပြောချင်တာလို့ ဆိုလိုတယ်။ စကားမဆက်ဆိုတာ ပြောလက်စစကားကို ဆက်မပြောပဲလို့ဖြစ်သွားမယ်။ စပ်မိလို့ ပြောရအုန်းမယ်လို့ပြောလေ့ရှိတာနဲ့ ဆက်စဉ်းစားနိုင်ပါတယ်။

စက်
စက္ကန့်
စက္ကူ
စက်ချုပ်သည်
စက်ဆုပ်စရာကောင်းသည်
စက်တင်ဘာလ
စက်တန့်ရောဂါ ပျောက်ခဲသည်
စက်ပုန်းခုတ်နေသည်
စက်ဘီး

စပ်
ကဗျာစပ်ကောင်းသော်လည်း သတ်ပုံမှားရေးသည်
ခံတွင်းပါးစပ်
ငရုပ်သီးကို စပ်သီးလို့လည်းခေါ်ကြတယ်
စပ်ကူးမပ်ကူးကာလ အထာမကျ
စပ်ကျိန်းကျိန်းဖြစ်နေသည်
စပ်ကျိန်းနေသလား
စပ်စပ်စုစုလုပ်တဲ့သူ
စပ်တဲ့ငရုပ်သီးကို စက်ထဲထည့် ကြိတ်ပါ
စပ်ပူစပ်လောင်နေသည်
စပ်ဖျဉ်းဖျဉ်းခံစားရသည်
စပ်ကြားမှာ အနာဖြစ်
စပ်ဖြဲဖြဲမလုပ်ပါနဲ့
စပ်ယှက်ဖြင့် သန္ဓေတည်လာသည်
စပ်ရှိန်းပူရှိန်းနေသည်
စပ်လျဉ်း၍
စပ်ဟပ်ပြီးပြောမယ်
စပ်ကြောင်းမှာ စုပ်ပြဲနေသည်
ဆက်စပ်စဉ်းစားပါ
ပိုးစပ်ကောင်
ပူစပ်ပူလောင်ခံစားရတယ်
မျက်ခမ်းစပ်ရောဂါ
ရွာနီးချုပ်စပ်
သည်မေးခွန်းနဲ့ စပ်လျဉ်းပြီးဖြေရန်မရှိပါ
ဟိုစပ်စပ် သည်စပ်စပ်မလုပ်ပါနဲ့
အငန်အစပ်ကြိုက်တယ်
အသားနီစပ်စပ်နဲ့လူ
ရှေ့နဲ့နောက် ဆက်စပ်မှုရှိပါသလား
ရောစပ်ထားသည်

ဆက်
ဂုတ်ဆက်ကနာနေတယ်
ဆက်၍ပြောပါ
ဆက်ကပ်လှူဒါန်းပါ
ဆက်ခံစိုးစံသည်
ဆက်စပ်နေတဲ့အကြောင်းကရှိတယ်
ဆက်ဆံရေးကောင်းအောင်ကြိုးစားပါ
ဆက်ဆက်ကြွခဲ့ပါ
ဆက်ရက်ငှက်လေးတွေလှတယ်
ဆက်ကြေးကောက်လို့ ပေးရတယ်
ဆက်ကြော (ဇက်ကြော) တင်းနေသည်
ဆက်နွှယ်နေတဲ့ အကြောင်းတရား
ဆီစက်
တစက်စက်ကျနေသည်
မိဘအမွေဆက်ခံထိုက်သူဖြစ်ပါစေ
သတင်းတွေ ဆက်တိုက်လာနေတယ်
အဆက်အနွယ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ