မိန်ကလေးများ အမျိုးသမီးများ၏ မေးခွန်းများ

(ကန်တော့ပါ)

၁။ အသက် ၁၉ Gender က female ပါဆရာ အင်္ဂါကနေ jelly လို အဖြူ လေးတွေ ဆင်းတယ် တခါမှ မဖြစ်ဖူးဘူး ရက်နဲ့တော့ ချီတယ် ဆက်တိုက်မဆင်းဖူး  ခဏ ခဏ လာနေလို့  ဘာဖြစ်လဲ သိချင်ပါတယ် ရာသီက ရှေ့လက အထိ လာပါတယ်ဆရာ အိမ်ထောင်သည်မဟုတ်ပေမယ့် ရည်းစားရှိပါတယ် ခါးတွေလည်းနည်းနည်းကိုက်ပါတယ်ဆရာ

White discharge အဖြူဆင်းခြင်း https://doctortintswe.blogspot.com/2017/08/white-discharge.html

အပျို တစ်ယောက်အဲ့လို ဖြစ်တယ်ဆိုတာ ကိုယ်ဝန်ရှိတဲ့ လက္ခဏာလား သိချင်ပါတယ် ဆရာ

ရာသီတပတ်နောက်ကျချိန်မှာ ကိုယ်ဝန်အတွက် ဆီးစစ်နိုင်။ အပျိုဆိုရင် ကိုယ်ဝန်အတွက် မေးရန်မလိုအပ်။ အတူနေတဲ့သူ လိုအပ်။ အပျိုမခေါ်တော့။ အိမ်ထောင်မကျသေးလို့ ရေးရတယ်။ အတူနေဖူးသူတိုင်း လိင်ကတဆင့်ကူးစက်ရောဂါတွေကို သတိထားရ။

၂။ ဆရာ တခုလောက်မေးပါရစေ ကျမအသက်က့ ပါ July လ့ က သူနဲ့အတူခရီးထွက်ဖြစ်ပါတယ် အခု August လအတွက် ရာသီမဆင်းဘူးဆရာ အရင်လက ၇ ရက်နေ့ဆင်းတာပါ အဲဒါကိုယ်ဝန်ရနိင်ပါသလားဆရာ သိချင်လို့ပါ မရအောင် ဘယ်လိုလုပ်ရမလဲဆရာ ကျေးဇူးပြု၍ဖြေပေးပါနော်ဆရာ

ဆီးစစ်ရင် ကိုယ်ဝန်သိပါမယ်။

Pregnancy test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း https://doctortintswe.blogspot.com/2014/11/pregnancy-test.html

၂ ကြောင်းပေါ်နေတယ်ဆရာ မလိုချင်တာဘယ်လိုလုပ်ရင်အဆင်ပြေမလဲ ကူညီပါဆရာ ဆေးထိုး ဆေးသောက်ရင် ရနိုင်ပါသလားဆရာ

နေ့တိုင်း ဖြေနေရတယ်။ ကိုယ်ဝန်ကို ဖျက်မပေး။ ဖျက်နည်း မပေး။ ဆေးပညာစာ စုံအောင်ရေး။ ဘလော့မှာရှိတယ်။

တားဆေး တားနည်းအားလုံးလည်း ဘလော့မှာရှိတယ်။ ကိုယ်ဝန်ဆီးစစ်နည်း ခဏခဏဖြေပါတယ်။ ဘလော့မှာရှိတယ်။ လိင်ကတဆင့်ကူးစက်ရောဂါ အားလုံးလည်း ဘလော့မှာတင်ထားတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး