Omega အိုမီဂါဆေး မေးခွန်း

ဆရာရှင့် ကျွန်မအသက် ၃၀ရှိပါပြီရှင့် အပျိုပါရှင့် နှလုံးအားနည်းလို့ ဆရာဝန်ညွှန်ကြားချက်အရ omega 3 Q 10 ကိုသောက်ရပါတယ်ရှင့် အခုအဲ့ဒီဆေးမှာဝယ်လို့မရတော့သဖြင့် Omega 3 နှင့် Q10 ဆေးနှစ်မျိုးကို တွဲသောက်လို့ ရလားရှင့် သို့မဟုတ် omega3 တမျိုးထဲကိုပဲ သောက်ရမလားရှင့် စွဲသောက်ရင် ဆိုးကျိုးရှိနိုင်ပါသလားဆရာ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်

နှလုံးအားနည်းဆိုတာ မရေမရာပြောတာသာဖြစ်တယ်။ မေးတဲ့သူ ဘာဖြစ်နေသလဲ မသိပါ။

အိုမီဂါသရီးဆိုတာ လူတွေအတွက် မရှိမဖြစ်တဲ့ အစာအမျိုးအစားထဲက တခုဖြစ်ပါတယ်။ ငါးတွေကနေရတာများတယ်။ ငါးကြီးဆီနဲ့ မတူပါ။ ဦးနှောက်အလုပ်တွေနဲ့ ကြီးထွားဘို့အတွက်ပါ လိုအပ်တယ်။ နှလုံးရောဂါဖြစ်မှာကို တားပေးနိုင်လို့ပါ။ အမေရိကန်နှလုံးရောဂါအဖွဲ့က ငါးတမျိုးမျိုးကို တပါတ် ၂ ခါ စားသင့်တယ်လို့ အကြံပြုထားပါတယ်။ EPA နဲ့ DHA တွေ ပါတဲ့ ငါးတွေက ဆာလ်မွန်၊ ကျူနာ၊ ဟာလီဘတ်ငါးတွေ ဖြစ်တယ်။ ပင်လယ်စာတွေ၊ အပင်တွေနဲ့ အစေ့အဆံကရတဲ့ အဆီတွေမှာလဲပါတယ်။ ALA ဆိုတာက နှမ်းကြတ်စေ့၊ နှမ်းကြတ်ဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်စေ့၊ ပဲပုပ်စေ့ဆီ၊ ဖရုံစေ့၊ ဖရုံစေ့ဆီ၊ သစ်ကြားသီး၊ သစ်ကြားစေ့ဆီတွေကနေရတယ်။

အိုမီဂါသရီးကြောင့် ရောင်ခြင်းဖြစ်စဉ်ကို လျော့နည်းစေတယ်။ ဒါကြောင့် နာတာရှည်ရောဂါတွေထဲက နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်နာရောဂါတွေကို သက်သာစေမယ်လို့ ယူဆစရာအကြောင်း ရှိနိုင်တယ်။ စားတဲ့အထဲကပါတဲ့ ဒီဓါတ်ဟာ ဦးနှောက်မှာ အများကြီးလာစုနေတယ်။ ဒါ့ကြောင့် ဦးနှောက်မှတ်ဥာဏ်၊ စဉ်းစားမှုနဲ့ အမူအယာအလုပ်တွေအတွက် အရေးပါတာ ဖြစ်နိုင်တယ်။ တကယ်လို့ မိခင်ဆီကနေ အိုမီဂါ-သရီးအလုံအလောက်မရရင် ကလေးဟာ အမြင်ဆိုင်ရာနဲ့ အာရုံကြောတွေမှာ အားနည်းနိုင်တယ်။ ဒီဓါတ်နည်းနေရင် အားယုတ်မယ်၊ မှတ်ဥာဏ်နည်းမယ်၊ အရေပြား ခြောက်နေမယ်၊ နှလုံးရောဂါရမယ်၊ စိတ်မူပြောင်းမယ်၊ စိတ်ဓါတ်ကျမယ်၊ သွေးလှည့်တာ မကောင်းဘူး။

Coenzyme Q10 (CoQ10) ဆိုတာ လူအများစားသုံးတဲ့အစားအစာတွေထဲမှာ ပါတယ်။ အင်တီအောက်စီဒင့်လို့ခေါ်တယ်။

အစားအစာ လုံလောက်မျှတအောင်စားတတ်သူတွေက အားဆေးတွေ မလိုကြပါ။

Omega-3 အိုမီဂါသရီး ဘာလို့ နာမည်ကြီး https://doctortintswe.blogspot.com/2015/06/omega-3.html
1. Obimin and Omega-3 (အိုဗီမင်) နဲ့ (အိုမီဂါ သရီး) https://doctortintswe.blogspot.com/2016/06/obimin-and-omega-3.html
2. Omega Kids ကလေးတိုင်းအတွက်တော့မဟုတ် https://doctortintswe.blogspot.com/2017/11/omega-kids.html
3. Omega-3 and Pregnancy အိုမီဂါ နှင့် ကိုယ်ဝန် https://doctortintswe.blogspot.com/2017/05/omega-3-and-pregnancy.html
4. Omega-3 အိုမီဂါသရီး ဘာလို့ နာမည်ကြီး https://doctortintswe.blogspot.com/2015/06/omega-3.html

Dr. တင့်ဆွေ
၂၂-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး