နွားစကားပုံများ

ကျွန်တော်က စာဖတ်ရင် အရေးအသားသာမက သဒ္ဒါနဲ့ သတ်ပုံကိုလည်းကြည့်တယ်။ အရင်တုန်းကတော့ ပညာယူ၊  အတုယူချင်လို့ပါ။ ခုခေတ်ရောက်တော့ စာရေးတဲ့သူရဲ့ ပညာရည်သာမက စိတ်သဘောထားကိုပါ အကဲခတ်လို့ရတယ်။

စာရေးတဲ့လူတွေကိုလည်း သတ်ပုံကြည့်ရင် အသက်မှန်းလို့ရတယ်။ မြန်မာစာကို နိုင်ငံရေးလုပ်တဲ့ခေတ်နောက်မှာ မွေးလာတဲ့သူတွေက အလွန့်အလွန် များတယ်။

သူများတွေက ဘယ်လောက်နာမည်ကြီးတယ်ပြောပြော၊ သူတို့စာအုပ်တွေ ပလူပျံအောင်ရောင်းကောင်းကောင်း၊ ကျွန်တော့်အကဲဖြတ်ချက်တော့ သည်အတိုင်းပဲ။ ဆောရီး။

အလကားရတဲ့နွား သွားဖြဲကြည့်လို့ ဆိုစကားရှိတယ်။ သွားကြည့်ပြီး နွားအသက်ခန့်မှန်းကြရတယ်။ နွား ၂ နှစ်သားဆိုရင် ရှေ့သွား ၂ ချောင်းပေါက်နေပြီ။ ၃ နှစ်ဆို ၄ ချောင်း။ ၄ နှစ်ဆို ၆ ချောင်းနဲ့ ၅ နှစ်သား ၈ ချောင်း။ အသေးစိတ်တော့ ကျွန်တော်က မသိပါ။ ဆောရီး။

နွားစကားပုံတွေရှိသေးတယ်။ နွားကွဲရင် ကျားဆွဲ၊ နွားပျိုသန်လှ နွားအိုပေါင်ကျိုး၊ နွားသိုး ကြိုးပြတ်၊ နွားအို မြက်နုကြိုက်၊ နွားရှေ့ ထွန်ကျူး။

ရှမ်းကြိုက်တော့ နွားချောလို့လည်းရှိတယ်။ နွားမရွံ့ပိတ်ရောင်းဆိုတာလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး