သုဝဏ္ဏသာမဇာတ်တော်ကား ဤသို့တည်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်အနီး၌နေသော ဒဂါမခေါ် ရွာတရွာတွင် တံငါသည်ကြီးတဦးရှိသည်။ ထိုရွာ၏တဖက်ကမ်းတွင်လည်း တံငါသည်ကြီးတဦးရှိလေရာ ထိုသူနှစ်ဦးတို့သည် မိတ်ဆွေဖြစ်ကြသည့်အလျောက် မိမိတို့၏သားနှင့်သမီးတို့ကို လက်ထပ်ထိမ်းမြားရန် ကတိထားကြလေသည်။ တယောက်သောအမျိုးသားအိမ်၌ ဒုကူလသတို့သားကို ဖွားမြင်၍ တယောက်သောအမျိုးသားအိမ်၌ ပါရီကာသတို့သမီးကို ဖွားမြင်သည်။ ထိုသူတို့ အရွယ်ရောက်သောအခါ ကတိရှိသည့်အတိုင်း ထိမ်းမြားပေးကြသည်။ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၃)၊ စာမျက်နှာ (၁၅၈)

ရွာတစ်ရွာတွင် မဟုတ်။ တံငါသည်ကြီးတစ်ဦး မဟုတ်။ တစ်ဖက်ကမ်းတွင်လည်း မဟုတ်။ တစ်ယောက်သော အမျိုးသားအိမ်၌ မဟုတ်။

ခေတ်သစ်သုဝဏ္ဏသာမများကား မိခင်ဘာသာစကားကို လုပ်ကြံကြကုန်၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ