Wednesday, August 29, 2018

တကို တစ်လုပ်တော့ ဈေးနှုန်းတင်လို့ ကောင်းတာပေါ့

ဘုတ်အုပ်သစ်များပို့စ်အောက်မှာ ကွန်မင့်တခုဖတ်ရတယ်။

(စ) စိတ်ကူးချိုချို ကစာအုပ်ဈေးရောင်းပွဲလုပ်တော့ ကိုယ်ရှာနေတဲ့ကဗျာတပုဒ်တွေ့ရတော့ စာအုပ်ကို ဝယ်လိုက်ပါတယ်။ တင်မိုးကဗျာပေါင်းချုပ်အမှတ် ၁ ပါ။ အကုန် တစ်တွေပြင်ရိုက်ထားတော့အခုဖတ်ရင်း correction ink တဗူးဝယ်ပြီး ဖတ်ရင်းလိုက်ပြင်နေတယ်။ ကိုယ်ဒါပဲလုပ်နိုင်ပါတယ်။ (ဆုံး)

ဟုတ်ပါ့။ ထွက်စက ရတာ။ ကျွန်တော်က ဒေလီမှာသာနေရသေးတယ်။ တတွေကို တစ်လုပ်ထားလို့ လက်တလုံးစာ ပိုထူသွားတယ်။ ဈေးနှုန်းတင်လို့ ကောင်းတာပေါ့။

ဆရာတင်မိုးက ဒေါက်တာဂျော်နီကဗျာမှာ တစ်တွေမရေးပါ။
တလနှစ်လ၊ သုံးလေးလမှာ
တခါတရံ၊ အင်းယားကန်မှာ
မှန်ကလေးတချပ်၊ ဖျတ်ကနဲကွဲ
ကောင်းကင်ပြာက၊ ဟိုမှာတလုံး
သည်တလုံးဟု၊ ကြယ်ကုံးရေတွက်
တညနေက

တစ်တွေမဟုတ်ပါ။

ဆရာတင်မိုးထက် သတ်ပုံတော်သူတွေရေးတဲ့ စာတွေရော ကဗျာတွေရောကို ကျွန်တော်က မဖတ်တတ်ပါ။

တခါတရံ အင်းယားကန်မှာ https://doctortintswe.blogspot.com/2017/08/blog-post_60.html

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...