Labor Day လေဘာဒေး

ကျွန်တော် မြန်မာဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်း လာမယ့်တနင်္လာနေ့မှာ ကျောင်းပိတ်မယ်။ လေဘာဒေးတဲ့။

မြန်မာပြည်မှာတော့ မေဒေးဆိုရင် မသိတဲ့သူမရှိလောက်ပါ။ နိုင်ငံတကာအလုပ်သမားနေ့ကိုခေါ်တယ်။ လေဘာဒေးကို သတိမထားမိလောက်ပါ။ ကျွန်တော်လည်း ဒီတိုင်းပြည်နေရမှသာသိတယ်။

လေဘာဒေးဆိုတာ အမေရိကမှာပဲရှိတယ်။ မြန်မာလိုပြန်ရင်လည်း အလုပ်သမားနေ့ပဲ။ မေဒေးနဲ့ အနှစ်သာရချင်းမတူပါ။ လေဘာဒေးဆိုတာ အမေရိကန်အလုပ်သမားတွေရဲ့ လူမှုရေးနဲ့ စီးပွါးရေး စွမ်းဆောင်နိုင်စွမ်းကို ဂုဏ်တင်တဲ့နေ့ရက်တဲ့။ ၁၈၈၂ ခုနှစ် စက်တင်္ဘာ (၅) ရက်နေ့မှာ နယူးယောက်ကနေ စပါတယ်။ နှစ်စဉ် စက်တင်္ဘာ ပဌမတနင်္လာနေ့လို့ သိတ်မှတ်ထားတယ်။ တရားဝင်အလုပ်နားရက်လည်းဖြစ်တယ်။ ဒီနှစ်တော့ ၃-၉-၂ဝ၁၈ နေ့မှာ ကျတယ်။

မြန်မာပြည်မှာလည်း လူမှုရေးတွေဖွံ့ဖြိုးစည်ပင်၊ တိုင်းပြည်စီးပွါးရေးလည်းကြွယ်ဝချမ်းလာတဲ့တနေ့မှာ လေဘာဒေးလို့ လုပ်နိုင်ကြရင်ကောင်းမှာပဲ။ အခုတော့ နေ့တိုင်းက လောဘဒေးဖြစ်နေသေးတယ်။ ဆောရီး။

ကျွန်တော် မြန်မာပြည်ကိုအလည်ပြန်စဉ်က ရန်ကုန်မြို့မှာ မေဒေး ခေါ် အလုပ်သမားနေ့ပွဲကို တက်ခဲ့ပါတယ်။ လှိုင်သာယာမှာ ကျင်းပတယ်။ နေပူပူ ဖုံထူထူနဲ့ သဘာဝကျတယ်။ မြန်မာပြည်က အလုပ်သမားတွေဘဝ တိုးတက်ပါစေ။

International Workers Day နိုင်ငံတကာအလုပ်သမားနေ့ မေဒေးအမေရိကမှာ ဘာလို့မကျင်းပသလဲ http://doctortintswe.blogspot.com/2015/05/international-workers-day-2015.html

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး