Medicine ဆေး စစ်သလား

ဆရာခင်ဗျား အောက်ပုံပါဆေးသည် အမေရိကန်ထုတ်ဆိုတာဟုတ်ပါသလားခင်ဗျ။


ဆေး၊ ကုန်ပစ္စည်းတွေပုံကြည့်တာနဲ့ ဘယ်ကထုတ်သလဲ၊ စစ်သလား တုသလား၊ အတိအကျ မသိနိုင်။ တခါတလေ ကိုင်ကြည့်တာနဲ့လည်း မသိနိုင်ပါ။


ဆေးဝယ်ရင် ဒီဆူဇာမှာစိတ်ချရတယ်လို့ ဟိုအရင်က ကြောငြာစာတခုရှိတယ်။ ဖဆပလ ခေတ်မှာ အားကိုးထိုက်တယ်။ ဒိနောက် မဆလခေတ်မှာ BPI ထုတ်ဆေးတွေ စစ်မှန်ခဲ့တယ်။


မဆလခေတ်ကစပြီး ကနေ့အထိအတုတွေက ဈေးကွက်ထဲမှာ % အများစုကိုလွှမ်းမိုးထားတယ်။ ပစ္စည်းအားလုံးလိုလို အတူတွေများတယ်။


ဆေးကို စစ်မှန်တဝြယချင်တာ ကောင်းတယ်။ ခက်တော့ခက်တယ်။ ဘယ်ကထုတ်တာ ကောင်းသလဲ။ အဲဒါလည်း ခက်တယ်။


ယေဘုယျ ယအက်စ်အေ၊ ဥရောပနဲ့ ဂျပန်ကထုတ်တောတွေက အရည်အသွေးကောင်းတယ်။ အရည်အသွေးစစ်ဆေးမှု၊ ဥပဒေတွေနဲ့ တိုင်းပြည်အဆင့်အတန်းကြောင့်။ အဲတော့ ယူအက်စအေမှာလုပ်သည်၊ အင်္ဂလန်မှာလုပ်သည်၊ ဂျာမဏီမှာလုပ်သည်၊ ဂျပန်မှာလုပ်သည်လို့ အတုတွေက တံဆိပ်ကပ်ရောင်းကြတယ်။


ပိုတိကျအောင်ဆက်ပြောရရင် နိုင်ငံအမည်သာ ကြည့်ရတာ မဟုတ်ပါ။ ကုမ္ပဏီကိုလည်း ကြည့်ရမယ်။ အဲတော့ ဘယ်ကုမ္ပဏီကထုတ်သည်လို့ တံဆိပ်ကပ်ရောင်းကြတယ်။


နောက် ဆေးအမျိုးအစား။ FDA သဘော မကြာခဏပြောပါတယ်။ အားဗဆး၊ ဗီတာမင်၊ ဖြည့်စွက်စာလို့ အမျိုးအစား တပ်ပြီးလျှောက်ရင် FDA က တားမြစ်ခြင်း မရှိပါ။ နိုင်ငံတိုင်းမှာ။ အဲဒါကို FDA ခွင့်ပြုသည်လို့ ရေးရောင်းတယ်။ FDA က တားမြစ်ခြင်း မရှိဆိုတာ ထိုရောဂါသည် ဤဆေးနှင့်ပျောက်သည်လို့ပြောတာ မဟုတ်ပါ။ ၎င်းဆေးမှာ ဘေးထွက်ဆိုးကျိုး ကင်းသည်လို့ အာမခံချက်ပေးတာလည်း မဟုတ်ပါ။


ဆေးတခုစီအကြောင်း လို မလို၊ ဘေးထွက်သက်ရောက်မှု သိရမယ်။ ဆေးကို ဘယ်ကနေထုတ်သလဲ သိအောင် ကြိုးစားပါလေ။ 


စီးပွားရေးလောကနဲ့ နိုင်ငံရေးလောကမှာ လူလိမ် % အတော်ကို များတယ်။ ကျွန်တော်တို့တိုင်းပြည်လို ညံ့သေးတဲ့ တိုင်းပြည်တွေမှာ မစစ်မှန်တာတွေ အတုတွေ ဗြောင်လိမ်တွေ ပိုများတယ်။ ဆောရီး။ ဘာသာရေးမှာလည်း ဗြောင်လိမ်တွေ ပိုများတာပဲ။ ကန်တော့။


ပို့ပေးတဲ့ဆေးတွေပုံကို မသုံးပါ။ အားနာရတယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး