Bronchitis ဘရောင်ခိုက်တစ်

ကျွန်တော်အသက် (၅၅)ပါ။ ချွဲအရမ်းထပါတယ်။ အထူးသဖြင့်မနက်(၄)နာရီလောက်ဆိုရင်အဆိုးဆုံးပါဘဲ။ ချွဲတွေ လိပ်လိပ်တက်လာပြီး မျိုချနေရပါတယ်။ ဆေးခန်းပြတော့ AmoxiClav-Denk 500 Zithrox 500 ပေးပါတယ်။ သောက်တုန်းခဏပါဘဲ။ မကြာခင်ပြန်ဖြစ်ပါတယ်။ ဘာဆေးသောက်ရမလဲခင်ဗျာ။


အသက်ရှူလမ်းမှာဖြစ်တာ အနည်းဆုံးတော့ နားကြပ်နဲ့ နားထောင်ရပါမယ်။ တတိယမေးခွန်းက ဆေးစစ်ချက်တွေထဲမှာ Bronchitis လို့ဖတ်ရတယ်။ ဘရောင်ခိုက်တစ်ကို Chest infections အသက်ရှူလမ်းရောင်ခြင်းလို့လည်း ခေါ်တယ်။ ကလေးတွေမှာ အအေးမိရာကနေ အဲလို ဖြစ်တာဘဲ။ လေပြွန်အကြီးကြီးနဲ့ လေပြွန်အလတ်စားတွေရဲ့ အတွင်းဖုံးအလွှာ ရောင်မယ်။ နီရဲ၊ ရောင်ပြီး အချွဲတွေ ထွက်လာမယ်။ ရက်တိုနဲ့ နာတာရှည်ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယားကနေ ဖြစ်စေတယ်။ ဆေးလိပ်သောက်ရင် ပိုဆိုးတယ်။ ချောင်းဆိုးမယ်၊ သလိပ်ထွက်မယ်။ ရက်တို ဘရောင်ခိုက်တစ်ဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာ ၉၅% ရှိတယ်။ ဗက်တီးရီးယားကနေဖြစ်တာက ဆိုးတယ်။ ဆောရီး။


1. Bronchiolitis လေပြွန်ငယ်လေးတွေ ရောင်တာ ကလေးတွေမှာသာ ဖြစ်တယ်။ အသက်ရှူတာ မြန်မယ်၊ ကိုယ်ပူမယ်။


2. Bronchitis လေပြွန် အလတ်စားတွေ ရောင်တာကိုသာ Chest infection လို့ ခေါ်တာများတယ်။ အအေးမိရာကနေ ဆက်ဖြစ်တတ်တယ်။ အပေါ်ပိုင်းကနေ အောက်ဆင်း ရောင်လာတာ။ ချောင်းတိုး၊ ဖျား၊ နေမကောင်း။


3. Bronchiectasis နာတာရှည် ကနေ ဆိုးလာတယ်။ ပိုးသေဆေးပေးရမယ်။


4. Pneumonia နူမိုးနီးယား။ ကိုယ်ပူ၊ ချောင်းဆိုး၊ အသက်ရှူမဝ၊ နေမကောင်း၊ ရင်ပတ်နာ၊ ဆိုးဝါရင် ဆေးရုံတက်ရမယ်။ အသက်ကိုပါ ရန်ရှာနိုင်တယ်။ ဆောရီး။


5. Pleurisy အဆုပ်ကို ဖုံးထားတဲ့ အလွှာရောင်တာက နာမယ်။ တခြားအကြောင်းတွေကြောင့် နာတာနဲ့ ခွဲခြားရမယ်။ ဥပမာ pulmonary embolus အဆုပ်သွေးကြောထဲ ပိတ်တာ။


6. Tuberculosis တီဘီ။


အသက်ရှူလမ်းရောင်ခြင်းတွေထဲက Bronchiolitis လေပြွန်ငယ်လေးတွေ ရောင်တာ၊ Bronchitis လေပြွန် အလတ်စားတွေ ရောင်တာ Bronchiectasis နာတာရှည် ကနေ ဆိုးလာတာတွေကို တပုဒ်ရေးပါမယ်။ တီဘီ၊ သပ်သပ်ရေးထားပါတယ်။


Pleurisy (Pleuritis) အဆုပ်ဖုံးအလွှာ ရောင်ခြင်း

အဆုပ်တွေကို Pleura ခေါ် အလွှာနှစ်ထပ်နဲ့ ဖုံးထားတယ်။ အိတ်လိုဖြစ်ပြီး အထဲမှာ အရည်ပါးပါးလေး အမြဲရှိနေတယ်။ အသက်ရှူထုတ်လုပ်တိုင်း လှုပ်ရှားတဲ့အခါ နှလုံး၊ ဒိုင်ယာဖရမ် ခေါ်တဲ့ ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းထားတဲ့ ကြွက်သားကြီး၊ နံရိုးတွေရှိတဲ့ ရင်ပတ်နံရံတွေနဲ့ ထိခိုက်ပွန်းပဲ့တာ မဖြစ်စေအောင် အရည်ရှိနေရတာပါ။ Pleurisy ပလူရယ်စီလို့ ခေါ်တယ်။ နဲနဲဖြစ်ရင် ပျောက်သွားနိုင်တယ်။ အမာရွတ် ကျန်ရစ်မယ်။


ဘာလို့ ဖြစ်ရသလဲ

ဗိုင်းရပ်စ်ကြောင့် အများဆုံးဖြစ်ရတယ်။ ဗက်တီးရီးယား၊ ဖန်းဂတ်စ်၊ တီဘီ၊ ပါရာဆိုက်တွေကြောင့်လည်းဖြစ်တယ်။ Mesothelioma ကင်ဆာကနေ ဆက်ဖြစ်နိုင်တယ်၊ Lupus, Rheumatoid arthritis, Sarcoid disease, Scleroderma ရောဂါတွေကနေလဲ ဆက်ဖြစ်နိုင်တယ်။


နံရိုးခိုက်မိလို့လဲ ဖြစ်နိုင်တယ်။ Pancreatitis, Peritonitis, Pus under the diaphragm ရောဂါတွေ ကနေလည်း ဆက်ဖြစ်နိုင်တယ်။ Methotrexate နဲ့ Penicillin ဆေးတွေကြောင့်လဲ ဖြစ်နိုင်တယ်။ တခြားအကြောင်းတွေလဲ ရှိသေးတယ်။ Uremia ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တာ၊ Blood clot in lung အဆုပ်ထဲ သွေးကြော ပိတ်တာ၊ Radiation therapy ဓါတ်ကင်တာ၊ Sickle cell disease သွေးအားနည်းရောဂါ၊ Chemotherapy drugs ကင်ဆာဆေး၊ Asbestos မျက်နှာကျက်လုပ် အမှုံတွေဝင်တာ နဲ့ HIV ပိုးဝင်တာတွေကနေလဲ ဖြစ်စေနိုင်တယ်။


ဘယ်လို ခံစားရမလဲ

ရောင်နေတဲ့ အလွှာနှစ်ထပ် ထိခိုက်ကြလို့ နာတယ်။ စူးရှပြီး ထိုးသလို ရင်ပတ်နာတာက လက္ခဏာတရပ်ဘဲ။ အသက်ပြင်းပြင်း ရှူရင်၊ ချောင်းဆိုးရင်၊ နှာချေရင်၊ ရယ်မောရင် နာတာ ပိုဆိုးမယ်။ အသက်ရှူအောင့်၊ ချောင်းဆိုး၊ ချောင်းခြောက်လဲဖြစ်နိုင်တယ်၊ သလိပ် နဲ့ သွေးလဲ ပါနိုင်တယ်၊ ကိုယ်ပူ၊ ချမ်း၊ အသက်ရှူမြန်၊ လူကပိန်လာ၊ လည်ချောင်းတွေ အဆစ်တွေနာ၊ ဝမ်းပျက်၊ နှလုံးခုန်မြန်၊ ယောက်ျား အင်္ဂါသန်မာမှုနည်း၊ အန်တဲ့အထဲ သွေးစပါ၊ မွေးလမ်းက အဖြူဆင်း၊ အသက်ရှူမဝဖြစ်မယ်၊


မေးမြန်းစစ်ဆေးတာတွေ အကုန်လုပ်မယ်၊ သွေးဖိအား၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ ကိုယ်ပူချိန်၊ ဓါတ်မှန်နဲ့ ECG ရိုက်နိုင်တယ်။ သွေးထဲက အောက်စီဂျင် အခြေအနေ စစ်နိုင်တယ်။


ဖြစ်စေတဲ့ အကြောင်းခံအလိုက် ဆေးကုသမှုတွေလိုမယ်။ လူနေမှုပုံစံပြောင်းတာက အရေးပါတယ်။ ဆေးလိပ်သောက်နေသူ ဖြတ်ပါ။ လေထုဝန်းကျင်သန့်ရာမှာ နေထိုင်ပါ။ လက်ကိုမကြာခဏဆေးပါ။ ရေ အရည်ပိုသောက်ပါ။ ဆေးတွေကတော့ ပဋိဇီဝဆေး ရွေးပေးမယ်။ လေပြွန်ကျယ်ဆေး လိုသူကိုပေးမယ်။ အဖျားသက်သာဆေးပေးမယ်။ ချောင်းဆိုးပျောက်ဆေး ရွေးပေးမယ်။ နာတာသက်သာအောင် Indomethacin or Naproxen, Ibuprofen နဲ့ Aspirin တွေ သောက်နိုင်တယ်။ ဒါနဲ့ မသက်သာသေးရင် Codeine, Hydrocodone or Oxycodone တွေ လိုနိုင်တယ်။ အရေများနေရင် စုတ်ထုတ်ရမယ်။


ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဆိုရင် တပတ်နဲ့ ပျောက်ပါမယ်။ ပိုသေးဆေးမလိုပါ။ အားကုန်လို့ အာဟာရဖြစ်တာတွေ စားသောက်ဘို့လိုတယ်။ အစားကြောင့်တော့ လေပြွန်တွေ မရောင်ပါ။


ပဋိဇီဝဆေး Augmentin (amoxicillin / clavulanate) ဆေးကို အများဆုံးသုံးပါတယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး