စပ် စက်

သားလေးကို ရောဂါကူးစပ်မှာ စိုးရိမ်လို့ပါရှင်။


ကူးစက်မှာလို့ ရေးရတယ်။


စက်

စက္ကန့်

စက္ကဝါက်

စက္ကူ

စက်ခန်း

စက်ခုတ်

စက်ချုပ်

စက်ဆုပ်

စက်တင်ဘာလ

စက်တန့်ရောဂါ

စက်ကြိတ်ဆန်

စက်ပုန်းခုတ်

စက်ပုန်းခုတ်နေသည်

စက်ဘီး


ကူး

ကူးခပ် 

ကူးစက်ရောဂါ

ကူးတို့လျား

ကူးတို့ဆိပ်

ကူးလူးဆက်ဆံ 

ကူးသန်းရောင်းဝယ်

ကူးပြောင်း 

ကူးမြောက် 

ဖြတ်ကူးတို့


စပ်

ကဗျာစပ်ကောင်းသော်လည်း သတ်ပုံမှားရေးသည်

ခံတွင်းပါးစပ်

ငရုပ်သီးကို စပ်သီးလို့လည်းခေါ်ကြတယ်

စပ်ကူးမပ်ကူးကာလ အထာမကျ

စပ်ကျိန်းကျိန်းဖြစ်နေသည်

စပ်ကျိန်းနေသလား

စပ်စပ်စုစုလုပ်တဲ့သူ

စပ်တဲ့ငရုပ်သီးကို စက်ထဲထည့် ကြိတ်ပါ

စပ်ပူစပ်လောင်နေသည်

စပ်ဖျဉ်းဖျဉ်းခံစားရသည်

စပ်ကြားမှာ အနာဖြစ်

စပ်ဖြဲဖြဲမလုပ်ပါနဲ့

စပ်ယှက်ဖြင့် သန္ဓေတည်လာသည်

စပ်ရှိန်းပူရှိန်းနေသည်

စပ်လျဉ်း၍

စပ်ဟပ်ပြီးပြောမယ်

စပ်ကြောင်းမှာ စုပ်ပြဲနေသည်

ဆက်စပ်စဉ်းစားပါ

ပိုးစပ်ကောင်

ပူစပ်ပူလောင်ခံစားရတယ်

မျက်ခမ်းစပ်ရောဂါ

ရွာနီးချုပ်စပ်

သည်မေးခွန်းနဲ့ စပ်လျဉ်းပြီးဖြေရန်မရှိပါ

ဟိုစပ်စပ် သည်စပ်စပ်မလုပ်ပါနဲ့

အငန်အစပ်ကြိုက်တယ်

အသားနီစပ်စပ်နဲ့လူ

ရှေ့နဲ့နောက် ဆက်စပ်မှုရှိပါသလား

ရောစပ်ထားသည်


အခုမှားတဲ့သူက စပ် နဲ့ စက်သာမှားတာ တော်သေးတယ်။ တချို့က မှာရေးတာ ဟထိုးထည့်ရကောင်းမသိကြ။ ပိုဆိုးတယ်။ အဲဒါလည်း ကူးစက်တယ်။ ကာကွယ်ဆေးမပေါ်သေး။


ပုံ = ဝေဘာဂီ ကူးစက်ရောဂါ အထူးကုဆေးရုံကြီး 


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ