Antibiotics ပိုသေးဆေးတခုခုလိုနိုင်

ဆရာရှင့် သမီးခေါင်းမှာ အပူနာလိုအဖုလေးတွေဖြစ်နေတာကြာပါပြီ ၁၀ ဖုလောက်ရှိပါတယ် ဆံပင်က ဘောက်လဲထပြိး ကုတ်မိရင်လဲ သွေးထွက်လာလို့ပါ ဟိုးလွန်ခဲ့တဲ့ ၅နှစ်လောက်က ဆရာကိုမေးဖူးပါတယ် သောက်ဆေးညွှန်းလို့ ဝယ်သောက်တာ ပျောက်သွားပါတယ် အာ့အကောင့်ပျက်သွားလို့ပါ ဘာဆေးသုံးစွဲရမလဲ ညွှန်ပြပေးပါရှင့် ကျေးဇူးတင်ပါတယ်ရှင့် အနာဖုက ရောင်သလိုဖြစ်နေတာပါရှင့်


Dandruff (1) ဘောက် (၁) နဲ့ Dandruff (2) ဘောက် (၂) စာတွေ ဘလော့မှာရှိ။ လင့်တွေက ပို့မရ။ ဆောရီး။


အနာအတွက် ပိုးသေးဆေးတခုခုလိုနိုင်။ ဥပမာ 

Clindamycin 300-450 mg တနေ့ ၃ ကြိမ် ၅-၇ ရက် သို့မဟုတ်

Cephalexin 250-500 mg တနေ့ ၄ ကြိမ် ၅-၇ ရက် သို့မဟုတ် 

Dicloxacillin 250-500 mg တနေ့ ၄ ကြိမ် ၅-၇ ရက် သို့မဟုတ်

Doxycycline 100 mg တနေ့ ၂ ကြိမ် ၅-၇ ရက် သို့မဟုတ် 

Trimethoprim-sulfamethoxazole (160 mg/800 mg) ၁-၂ ပြား တနေ့ ၂ ကြိမ် ၅-၇ ရက်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး