Coronavirus Symptoms ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ


ဆရာ ကျမအသက်၂၉နှစ် အပျိုပါ ၁၉.၁၁.၂၀၂၀ ည၁၁နာရီလောက်ကစပြီးအနံ့ပျောက်ပါတယ် ၂၀.၁၁.၂၀၂၀ ရက်နေ့မနက်ပိုင်းမှာလှိုင် fever clinic ကိုဖုန်းဆက်ပြီးအကျိုးအကြောင်းပြောတော့ Cevit1000, Vitamin D3 1000, Zincovit ဆေးတွေသောက်ဖို့ပြောပါတယ် ရပ်ကွက်ကိုအကြောင်းကြားပြီး Q center သွားဖို့မလိုဘူးပြောပါတယ် အဲဒါ အိမ်မှာပဲနေလို့အဆင်ပြေသလား သိချင်လို့ပါ ကျမကမောင်လေးနဲ့နှစ်ယောက်နေတာပါ မောင်လေးကအသက် ၂၂ နှစ်ပါ သူကအလုပ်သွားရပါတယ် ၁၇.၁၁.၂၀၂၀ နှင့် ၁၈.၁၁.၂၀၂၀ရက်နေ့တွေမှာတော့နှာနဲနဲစေးပါတယ် ကျန်တာတော့ ဘာမှမဖြစ်ပါဘူးဆရာ ဖျားလဲမဖျားပါဘူးရှင့်

ကိုဗစ်ကို စစ်မှသာသေချာတယ်။

ရောဂါလက္ခဏာတွေ
• ဖျား၊ ချမ်း၊
• ချောင်းဆိုး၊
• အသက်ရှူမဝ၊
• အားနည်း၊
• လည်ချောင်းနာ၊
• နှာရည်ယို၊
• ကြွက်သား ကိုယ်လက် ကိုက်ခဲ၊
• ခေါင်းကိုက်၊
• အန် ဝမ်းပျက်။
• အနံနဲ့ အရသာပျက်ခြင်း ပျောက်ခြင်း။

စောစောပိုင်းဆေးသုတေသနတွေအရ ရောဂါလက္ခဏာများ
• ဖျား 83%
• ချောင်းဆိုး 82%
• အသက်ရှူမဝ 31%
• ကြွက်သားတွေနာ 11%
• စိတ်မကြည်လင် 9%
• ခေါင်းကိုက် 8%
• လည်ချောင်းနာ 5%
• နှာရည်ယို 4%
• ရင်ပတ်နာ 2%
• ဝမ်းပျက် 2%
• ပျို့အန် 1%
• ရောဂါလက္ခဏာတခုမကရှိသူ 90%

ရောဂါပိုးဝင်ခံရပြီးနောက် ရောဂါလက္ခဏာပေါ်လာချိန် 2 - 14 ရက်။ 0 - 27 ရက်လည်း ဖြစ်နိုင်။

ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကာကွယ်မလဲ
၁။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး မကြာခဏဆေးပါ။
၂။ ချောင်းဆိုးရင် ပါးစပ်ကို ဖုံးထားပြီးသာ ဆိုးပါ။
၃။ နှာခေါင်းစည်းက တတိယဦးစားပေးဖြစ်တယ်။
၎။ လူထူထူရှိရာတွေ ရှောင်ပါ။
၅။ သတင်းလိမ် သတင်းမှားတွေ မပြောနဲ့။ မရေးနဲ့။ မဖြန့်နဲ့။ မယုံနဲ့။ ဟိုဆေးနည်း သည်ဆေးနည်းတွေ မယုံနဲ့။

ဗိုင်းရပ်ပိုးပါ အမှုန်သေးသေးလေးတွကနေ ကူးစက်တယ်။ 
ကာကွယ်ဆေး မြန်မာပြည်မရောက်သေး။ 
အစားအသောက်နဲ့ ဆေးတွေနဲ့ မကာကွယ်နိုင်။
အစားအသောက်၊ အိမ်သာ၊ သွေးကတဆင့် မကူးစက်။
မျက်နှာပြင်တွေသန့်ရှင်းနည်းစာလည်း ခဏခဏ (ခဏခဏ) တင်ပြထားတယ်။ ဘလော့မှာ အားလုံးရှိတယ်။

စစ်ဆေးတွေ့သူတွေ၊ သံသယရှိသူတွေ နေအိမ်မှာ သီးသန့်နေကြရတယ်။ ဆိုးလာတယ်ထင်ရင် ဆေးရုံသွားပါ။ လူတိုင်း ဆေးရုံတက်ရန်မလိုအပ်ပါ။ အကုန်စားနိုင်တယ်။ ဘယ်ဆေး ဘယ်အစားအစာကမှ ပိုမဆိုး၊ ပိုမကောင်းနိုင်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး