သမီးမာနှင့် သမီးပျော့

(ကန်တော့)


မင်္ဂလာပါဆရာ သမီးကိုယ်ဝန်အကြောင်းမေးချင်လို့ပါ သမီးမာ (မှာ) ကိုယ်ဝန် ၉ပတ်ရှိနေပါပီ (ပါပြီ) ၈ ပတ်တုံးက (တုန်းက) သွေးဆင်းပါတယ် သွေးခဲတောင် ပါလာပါတယ်ဆရာ ပြီးတော့ ultrasound သွားရိုက်တော့ ကလေးက ကောင်းတယ် ပြောပါတယ်ဆရာ အခု ၉ပတ်မာ (မှာ) လဲ သွေးနည်နည်းဆင်းနေပါတယ်ဆရာ သမီးသိချင်တာက ကိုယ်ဝန်က မပျက်ဘူးဆိုရင် ကလေးမွေးလာရင်ခြေလက် အင်္ဂါမစုံတာတွေ ဥာဏ်ရည်မမှီ (မမီ) တာတွေ ဖစ်နိုင် (ဖြစ်နိုင်) လား ဆရာ


ကိုယ်ဝန်ရှိသူ အသက် မသိ။ 

အာထွာဆောင်းမှာ ကလေးပုံမှန် ဟုတ်မဟုတ် သိနိုင်။ 

၉ ပတ်ကစောသေး။ ဆက်စစ်ရပါမယ်။

ဉာဏ်ဆိုတာတော့ အာထွာဆောင်းနဲ့ မသိနိုင်။ မျိုးဗီဇနဲ့ သင်ကြားလေ့လာမှုနဲ့ဆိုင်တယ်။

သမီးမာလို့ရေးရင် သမီးပျော့တယောက်လည်းရှိသေးလား စာဖတ်သူက စဉ်းစားရတယ်။ 

ပါပီဆိုတာ ခွေးကလေးဖြစ်ပါတယ်။

ဖစ်ဆိုတာ ဦးဖစ်၊ ဒေါ်ဖစ်၊ ဖစ်လမ်းလို့သာရှိတယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်