Flu and COVID-19 တုပ်ကွေး နှင့် ကိုဗစ်

ဆရာရှင် ရာသီအကူးအပြောင်းတုပ်ကွေး နဲ့ ကိုဗစ် ဘယ်လို ခွဲ ခြားရမလဲရှင်


Influenza (Flu) တုပ်ကွေးနဲ့ COVID-19 ကိုဗစ် နှစ်မျိုးလုံးက အသက်ရှူလမ်းကနေကူးစက်တယ်။ ဗိုင်းရပ်စ်တွေ ဖြစ်ပေမဲ့ အမျိုးအစားမတူ။ Influenza နဲ့ SARS-CoV-2 လို့ခေါ်တယ်။ ကိုဗစ်က ပိုပြီးကူးစက်လွယ်တယ်။ ပိုဆိုးနိုင်တယ်။ တုပ်ကွေး ကာကွယ်ဆေး ပေါ်နေတာ ကြာပြီ။ ကိုဗစ်ကာကွယ်ဆေးက နောက် လအနည်းငယ်ကြာမှသာ ထိုးပေးနိုင်လာမယ်။ ရောဂါလက္ခဏာတွေ ဆင်တူတာလည်းရှိတယ်။ ပိုးဝင်ပြီး ရောဂါလက္ခဏာမခံစားရတာလည်းရှိကြတယ်။ မတူတာလည်းရှိတယ်။ ကိုဗစ်အကြောင်း သိတာမစုံသေးပါ။


ဆင်တူတဲ့ ရောဂါလက္ခဏာတွေ

ဖျား၊ ချမ်း၊

ချောင်းဆိုး၊

အသက်ရှူမဝ၊

အားနည်း၊

လည်ချောင်းနာ၊

နှာရည်ယို၊

ကြွက်သား ကိုယ်လက် ကိုက်ခဲ၊

ခေါင်းကိုက်၊

အန် ဝမ်းပျက် (အချို့သာ)။

အနံနဲ့ အရသာပျက်ခြင်း ပျောက်ခြင်း ကိုဗစ်မှာသာဖြစ်တယ်။


တုပ်ကွေးကူးစက်ခံရအပြီး ၁ ရက်ကနေ ၄ ရက်မှာ ရောဂါလက္ခဏာတွေ ခံစားရတယ်။

ကိုဗစ်ကူးစက်ခံရအပြီး ၂ ရက်ကနေ ၁၄ ရက်မှာ ရောဂါလက္ခဏာတွေ ခံစားရတယ်။

နှစ်မျိုးလုံးမှာ ရောဂါလက္ခဏာတွေ မခံစားရမီ ၁ ရက်ကစပြီး သူများကို ကူးစက်စေနိုင်တယ်။

ကိုဗစ်က ပိုပြီးကြာကြာ သူများကိုကူးစက်စေနိုင်တယ်။ 


တုပ်ကွေးမှာ ၂ ရက်ကနေ ၃ ရက်ထိ သူများကိုကူးစက်မှုအများဆုံးဖြစ်တယ်။ ၇ ရက်အထိလည်း ဖြစ်နိုင်တယ်။

ကိုဗစ်ကို အဲလို အတိအကျမပြောနိုင်သေးပါ။ ရောဂါလက္ခဏာတွေ မခံစားရမီ ၂ ရက်ကနေ အနည်းဆုံး ၁၀ ရက်အတွင်း သူများကို ကူးစေနိုင်တယ်။ COVID-19 positive ပေါ့ဇေးဆစ်ဖြစ်ပြီး ၁၀ ရက်လို့ ပြောနိုင်တယ်။


နှစ်မျိုးလုံးဟာ လူကနေ လူကို ကူးစက်တယ်။ ၆ ပေပတ်လည်အတွင်းကလူတွေဆီကို ကူးစက်နိုင်တယ်။ နှစ်မျိုးလုံးက 

နှစ်မျိုးလုံးဟာ droplets ခေါ် အသက်ရှူလမ်းကထွက်လာတဲ့ အမှုန်လေးတွေကို ရှူမိရာကနေ ကူးစက်တယ်။ ချောင်းဆိုး၊ နှာချေ၊ စကားပြော။ 

လက်ဆွဲနှုတ်ဆက်ခြင်၊ ပွေးဖက်ခြင်း၊ ထိကိုင်ခြင်းတွေကကနေကူးစက်ခံရနိုင်တယ်။ အမှုန်လေးတွေတင်ကျန်နေတဲ့မျက်နှာပြင်ကို ထိကိုင်ရာကနေလည်း ကူးစက်နိုင်တယ်။ အဲဒါကြောင့် လက်ဆေးရတယ်။ မျက်နှာပြင်တွေကို သန့်ရှင်းပေးရတယ်။ မျက်စိကိုထိကိုင်တာလည်း မလုပ်သင့်ပါ။


တုပ်ကွေးဖြစ်ရင် ပြန်ကောင်းတာ မြန်တယ်။ ၂ ပတ်ထက်ပိုမကြာ။


နှစ်မျိုးလုံးကနေ နောက်ဆက်တွဲဖြစ်တာ တူတာတွေရှိတယ်။

နူမိုးနီးယား ခေါ် အဆုတ်ရောင်ခြင်း၊

အသက်ရှူလမ်းအလုပ်မလုပ်နိုင်တော့ခြင်း၊

အဆုတ်ထဲရေအောင်းခြင်း

ပိုးကြောင့်တစ်ရှူးတွေပျက်စီးခြင်း၊

နှလုံးအတက်ရခြင်း၊ ဆထုပ်ရခြင်း၊

အသက်ရှူစနစ်၊ ဦးနှောက်၊ ကြွက်သား၊ ကျောက်ကပ် အလုပ်မနိုင်တော့ခြင်းနှင့် ရှော့ရခြင်း၊

ကိုဗစ်မှာ ပိုဆိုးတယ်။ သွေးခဲလေးတွေ အဆုတ်၊ နှလုံး၊ ခြေထောက်နဲ့ ဦးနှောက်ထဲက သွေးပြန်ကြောထဲ ပိတ်နိုင်တယ်။ 


ရောဂါ နှစ်မျိုးလုံးအတွက် ကာကွယ်နည်းက အလွန်အရေးကြီးတယ်။


ဒေါက်တာတင့်ဆွေ

၂၁-၁၁-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး