Scar အမာရွတ်


ကနေ့ မွေးရာပါနှလုံးရောဂါကို ၂ ယောက်မေးတယ် အမာရွတ်လည်း ၂ ယောက်ကမေးတယ်။


၁။ ကျွန်တော်အသက်က ၂၁နှစ်ပါ မျက်နှာပေါ်က အချွန်နဲ့ ထိုးမိပြီး ကွဲလို့ ချုပ်ထားတာဗျာ့ ကျွန်တော် အမာရွက်ပျောက်ဆေးတွေ သုံးတာလည်း သုံးလေးမျိုး ဖြစ်နေပြီ ဆရာ နည်းနည်းပဲ သက်သာတယ်ဗျာ့ အမာရွတ်တွေက ပြောက်နိုင်ခြေရှိ့လားဗျာ့ အဆင်ပြေနိုင်မယ့် လိမ်းဆေးရှိရင် ညွှန်ကြားပေးပါဗျာ့ ဖြစ်တာက တစ်နှစ်တော့ ရှိပြီဗျာ့

 

၂။ သမီးအသက်က ၂၁နှစ်ပါ။ ဗိုက်နားမှာ အနီကွက် ယားနာနေလေးတွေ ထွက်ရာကနေ fungiderm ဆေးလေး လိမ်းတွေ ညှိးပြီး အမာရွတ် အမဲလေးတွေကျန်ပါတယ် ရှင့်။ အာ့အကွက်လေးတွေက မပျောက်ဘဲ ဆက်ပွားပြီး ဖြစ်နေလို့ပါရှင့်။ ကန်တော့ပါ ဆရာရှင့် အောက်ကပုံလေးပါ


ဖန်ဂီဒမ်းဆေးက ဖန်းဂတ်စ် ခေါ်မှိုပိုးအတွက်ဖြစ်တယ်။ 


အမာရွတ်ဆိုတာကြာလေသက်သာလေ။ 

အမာရွတ်ပျောက်ဆေးမရှိ။

အနာ၊ ဒဏ်ရာ အသေးအကြီး၊ အတိမ်အနက်၊ ရက်တိုရက်ရှည်အပေါ်မူတည်ပြီး မြန်မယ်ကြာမယ်။ 

လူတချို့က အမာရွတ်ဖြစ်စဉ် ဆိုးတယ်။ ကီးလွိုက် ဖြစ်တယ်။

အသက်ငယ်ရင် ပျောက်တာာမြန်တယ်။ 

ဦးခေါင်းပိုင်းက ခြေထောက်ပိုင်းထက် မြန်တယ်။ 

ကလေးမီးဖွါးပြီးချိန် ချုပ်ရတာ အပျောက်မြန်တယ်။ (ကန်တော့) 

အနာ ဒဏ်ရာကို ပိုးမဝင်ရင် မြန်တယ်။ 

အနာကျက်ဖြစ်စဉ်ကာလမှာ ငြိမ်နေ နာနေတာ မြန်တယ်။

ချုပ်သင့်တာကိုချုပ်ရင် မြန်တယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ