ပျက်အစဉ် ပြင်ခဏ

ကွန်မင့်တခု - လုပ်ရုံနဲ့ သိနိုင်တဲ့ ကိစ္စတွေလည်း မေးနေတော့ သပ်ပုံမှားလို့ အငေါက်ခံရရောဗျာ


ကျွန်တော့်အဖြေစာမှ ငေါက်တာနဲ့တူတဲ့ အသုံး မပါပါ။ မှားတာတွေသိရလေ ပြင်ပေးခွင့်ရလေ။


စာဆိုတာ ရေးစမရှိရင် ပိုမှားတယ်။ ကျွန်တော်လည်း ဘလော့ပေါ်စကတည်းက စာတွေရေးတယ်။ ဆယ်နှစ်ကျော်ပြီ။ အစမှာ အမှားတွေပါတယ်။ အခုလည်း ပါသေးတယ်။ ပြန်ပြင်ရတယ်။ စာအဟောင်းတွေမှာ ပြင်စရာတွေကျန်သေးတယ်။


အမှားဆိုတာ ပြင်လိုက်ရင် မှန်သွားတယ်။


မှားလို့မှားမှန်း မသိတာက အခက်အခဲကြီးတခု။ 


ပြင်ပေးတာကို လက်မခံတာကလည်း အခက်အခဲကြီးတခု။


အမှားကို နိုင်ငံတော်မူလုပ်ထားတာက အကြီးဆုံးအခက်အခဲဖြစ်တယ်။ ဆောရီး။ ကန်တော့။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး